35 C
Yangon

ကန့်ဘလူတွင် ပျူစောထီးအဖွဲ့က လက်ခုပ်ပင်ရွာသား ကိုဟိန်းသူကို ပစ်သတ်ပြီး ကျေးရွာသား ၃ဦးကို ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်း

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် လက်ခုပ်ပင်ရွာတွင် ကျေးရွာသားကိုဟိန်းသူကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ လက်နက်ကိုင် ပျူစောထီး အဖွဲ့များက ဧပြီလ ၁၁ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ပင့်သာရွာသား ၃ဦးကိုလည်း ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ပျုစောထီး အဖွဲ့များသည် လက်ခုပ်ပင်ရွာသား ကိုဟိန်းသူကို ဧပြီလ ၁၁ ရက်နေ့တွင် ပစ်သတ်ခဲ့ပြီးနောက် ဧပြီလ ၂၄ ရက်နေ့တွင်လည်း ပင့်သာရွာသား ၃ဦးဖြစ်သည့် ဦးမျိုးမင်းသန်း၊ ကိုမင်းလွင်ဦးနှင့် ကိုသန်းနိုင်ဦးတို့ကို ဖမ်းဆီး နှိပ်စက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ကိုဟိန်းသူကို ပျူစောထီးအဖွဲ့ဝင် မိုးဝင်းနဲ့ မောင်ချို (နှုတ်ခမ်းမွှေး)တို့က ဧပြီလ ၁၁ ရက်နေ့မှာ ပစ်သတ်လိုက်တာ။ အခင်းဖြစ်စဉ်ကိုလည်း နွားကျောင်း သားလေး တစ်ယောက်က မြင်တယ်။ ပင့်သာရွာ ၃ဦးကတော့ ပျူစောထီးတွေ ဖမ်းဆီး နှိပ်စက် နေတုန်း ထွက်ပြေး လွတ်မြောက် လာတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထိုပျူစောထီး အဖွဲ့များသည် ပင့်သာကျေးရွာမှဖြစ်ပြီး ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည့် ဦးမျိုးမင်းသန်း ကျောင်း ဆရာ တစ်ဦးဖြစ်ကာ CDM ပြုလုပ် ထားသည် ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးနှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုမင်းလွင်ဦးနှင့် ကိုသန်းနိုင်ဦးတို့ကို တို့ကို PDFတပ်ဖွဲ့များနှင့် ဆက်သွယ် သည်ဟု စွပ်စွဲကာဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ ၃ ဦးလုံးကို ပျူစောထီးအဖွဲ့က ခြေထောက်များကို သံဘီးနှင့် လှိမ့်ကာ အမျိုးမျိုး ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း၊ ဧပြီလ ၂၄ ရက်နေ့ ည ၁၂နာရီခန့် အိပ်ချိန်တွင် ဖမ်းဆီးခံ ၃ ဦးစလုံး ပျူစောထီးများလက်မှ ထွက်ပြေး လွတ်မြောက် လာကြောင်း သိရှိရသည်။

ဓါတ်ပုံ- ပျူစောထီးများက သတ်ဖြတ်လိုက်သော ကိုဟိန်းသူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article