ရန်ကုန်၊ ဧပြီ ၂၆
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်းထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်ခဲ့သလို မန္တလေး နန်းတွင်း ခလရ ၁၂၁ မှ တပ်သားကျော်ဇင်အောင်သည်လည်း ရှေ့တန်းတနေရာမှ ထွက်ပြေးကာ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံ ခိုလှုံလာကြောင်း သတင်းရရှိသည်။
သထုံအခြေစိုက် ခမရ ၁ မှ တပ်သား ဝင်းထွန်းနှင့် ဘုတ်ပြင်းအခြေစိုက် ခမရ ၅၅၉ မှ တပ်သား ကျော်ဇောဟိန်းသည် မတ်လ ၁၀ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်ခိုလှုံလာကြောင်း၊ ခိုလှုံလာကြသူများအား နွေးထွေးစွာ ကြိုဆို လက်ခံလျက်ရှိပြီး ၎င်းတို့နှင့် မိသားစု လုံခြုံရေး၊ နေထိုင်ရေးများအား တာဝန်ယူ စောင့်ရှောက် ပေးလျက်ရှိပါကြောင်း ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။
အလားတူ မန္တလေးမြို နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ခလရ ၁၂၁ တပ်သား ကျော်ဇင်အောင်သည် ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ရှေ့တန်းတနေရာမှ ထွက်ပြေးကာ ပြည်သူ့ရင်ခွင် ခိုလှုလိုကြောင်း ဆက်သွယ်လာသည့်အတွက် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။



