25 C
Yangon

မလေးရှားအစိုးရအနေဖြင့် NUG အစိုးရနှင့်ဆက်သွယ်ဆောင်ရွက်မှုများရှိနေဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆို၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUCC ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံ

Must read

ရန်ကုန်၊ ဧပြီ ၂၇

မလေးရှားအစိုးရအနေဖြင့် NUG အမျိုးသားညီညွတ်ရေးအစိုးရနှင့်ဆက်သွယ်ဆောင်ရွက်မှုများရှိနေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆိုလိုက်ကြောင်း Benar News နှင့် The Diplomat သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မလေးရှားအစိုးရသည် မြန်မာနိုင်ငံမှ NUG အစိုးရနှင့် စေ့စပ်ဆွေးနွေးခဲ့ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)ဝင် မလေးရှားအစိုးရ ခေါင် းဆောင်တစ်ဦးသည် NUG နှင့် ထိတွေ့ဆက်သွယ်ရှိလျက်ကြောင်း ပထမဆုံး အကြိမ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ထုတ်ဖော်ပြောဆိုလိက်ခြင်းဖြစ်သည်။

အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာပေးအပ်ခဲ့ပြီး ယင်းစာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှု ကင်းမဲ့နေခြင်းနှင့် NUG အစိုးရနှင့်ထိတွေ့ ဆံဆက်ရန် တိုက်တွန်းထားသည်။

APHR ၏ စာပေးပို့မှုကို မလေးရှားနိုင်ငံခြားဝန်ကြီး ပြန်လည်တုံ့ပြန်ရာတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUCC ဥက္ကဋ္ဌ တို့နှင့် အလွတ်သဘော တွေ့ဆုံပြီးဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။

APHR က စစ်ကောင်စီက အာဏာလုထားပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် ပျက်ကွက်နေသဖြင့် မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန်၊ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို အာဆီယံအတွင်း ခရီးသွားလာခွင့်ပိတ်ပင်ရန်၊ စစ်ခေါင်းဆောင်များကို ဦးတည်သော စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

မူရင်းသတင်းကို အောက်ပါလင့်များတွင် ဖတ်ရှုနိုင်ပါသည်။

https://thediplomat.com/2022/04/malaysian-fm-admits-contacts-with-myanmar-opposition-shadow-government/

https://www.benarnews.org/english/news/malaysian/malaysia-contacts-burmese-nug-as-analysts-slam-asean-for-inaction-on-consensus-04252022161617.html

ဓာတ်ပုံ- မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article