25 C
Yangon

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်ကားယာဉ်တန်း မိုင်းဆွဲခံရပြီး ဒေသခံ ပြည်သူများနှင့် လမ်းသွား လမ်းလာ များကို စစ်တပ်က ပစ်ခတ်နေ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၂၇

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီခန့်၌ စိုင်နှိုင်ကြီး-စိုင်နှိုင်လေးရွာအနီး စစ်ကောင်စီ ယာဉ်တန်းများ မိုင်းဆွဲ ခံရ ပြီးနောက် ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး လမ်းသွား လမ်းလာ များကိုလည်း ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ စစ်ကား ယာဉ်တန်းသည် မိုင်းဆွဲခံရသောကြောင့် စစ်ကား ၂စီး ထိမှန်ခဲ့ပြီး ကျေးရွာအတွင်းသို့ စစ်ကား ရစီးဖြင့် အင်အားပြည့် ရောက်ရှိ လာကာ ဝင်ရောက် ပစ်ခတ်နေခြင်းဖြစ်ပြီး ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” သူတို့ စစ်ကားတွေ မိုင်းဆွဲခံရတယ်။ ၂စီးထိသွားတယ်။ မိုင်းဆွဲ ခံရပြီးတာနဲ့ အနီးအနားမှာရှိတဲ့ စိုင်နှိုင်ကြီး-စိုင်နှိုင်လေးရွာကို စစ်ကား ရစီးနဲ့ ရောက်လာပြီးတော့ ပစ်တော့တာပဲ အကုန်လုံး ထွက်ပြေးနေရတယ်။ လမ်းသွားလမ်းလာတွေကို ပစ်တယ်။ အခုလမ်းမှာ ဘယ်ယာဉ်မှ မသွားတော့ဘူး။ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်း စစ်ကားယာဉ်တန်း မိုင်းဆွဲခံရသောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

Photo – ရွှေဘို-မန္တလေး လမ်းပိုင်းတွင် ယနေ့ နံနက်ပိုင်း၌ ဖြတ်သန်းသွားသော အကြမ်းဖက် စစ်တပ် ယာဉ်တန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article