ရန်ကုန်၊ ဧပြီ ၂၇
မကွေးတိုင်း မြို့သစ်မြို့ ဖိုးကုန်းကျေးရွာတွင်နေထိုင်သော ပျူစောထီး အဖွဲ့ဝင် အောင်ဘောကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဧပြီလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၅ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းသေဆုံးသူ ပျူစောထီး အဖွဲ့ဝင် အောင်ဘောသည် စစ်ကောင်စီ လက်ကိုင် တုတ်အဖြစ် ကျေးရွာနေ ပြည်သူများကို အနိုင်ကျင့် ခေါင်းပုံဖြတ်မှုများ ပြုလုပ်နေခြင်းကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာ ကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားသည်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် ရွှေအင်းများအား စက်ကြေးကောက်ခံနေသော စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ မျိုးနိုင်(ခေါ်)ကျွဲကြီးကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ရနာရီခန့်တွင် ဥဒေါင်းမင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ မျိုးနိုင်သည် ကံတောင်ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ လက်အောက်ခံ ဥဒေါင်းမင်းအဖွဲ့ကသေနတ်ဖြင့် ၈ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်း၊ ခရမ်းမြို့ အမှတ်(၉)ရပ်ကွက် စစ်တပ်သတင်းပေး ဒလန်ဆယ်အိမ်မှူး သုမောင် ယနေ့ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း၊ အမည်မသိ အဖွဲ့တစ်ခုက သုမောင်ကို သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။