33 C
Yangon

မြိုင်မြို့နယ် စိုင်းဂေါင်းကျေးရွာကို စစ်တပ်က ဝင်စီး မီးရှို့ဖျက်ဆီးနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂၈

မကွေးတိုင်း မြိုင်မြို့နယ် စိုင်းဂေါင်းကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ ယနေ့ ဧပြီ ၂၈ ရက်၊ နံနက် ၁၁ နာရီ ဝန်းကျင်တွင် ဝင်ရောက်ကာ ပြည်သူ့နေအိမ်များ၊ မွေးမြူရေးကြက်ခြံများ ဖြိုချဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

“မွေးမြူရေးကြက်ခြံတွေရော မီးရှို့နေတာဗျ။ သောက်သုံးရေစင်တောင်မချန်ဘူး ဖြိုချနေတယ်လို့ ကြားရတယ်ဗျ။ သူတို့ အင်အား ၇၀ လောက်ရှိတယ် ကြားတယ်ဗျ” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များကို PDF များက လာရောက် ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

“လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်နေကြတာဗျ။ PDF တွေ ရောက်လာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်း ကြားရတယ်။ ခုနက ကြားရတယ်၊ ပစ်တာခတ်တာတွေ ။ အခုတော့ ငြိမ်သွားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ရွာသူရွာသားများလည်း ရှောင်ပြေးနေကြရသည့်အတွက် မီးငြိမ်းသွားပြီ ဖြစ်သော်လည်း ပျက်စီး ဆုံးရှုံးမှုအသေးစိတ်ကို မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article