23 C
Yangon

လောင်းလုံးမြို့နယ်၊ ပန်းဒလဲ ကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်နှင့် ပျူစောထီးများ ပစ်သတ်

Must read

ရန်ကုန်၊ ဧပြီ ၂၉

တနသ်ရီတိုင်း လောင်းလုံးမြို့နယ် ပန်းဒလဲ ကျေးရွာသို့ ဧပြီ ၂၈ ရက် ည ၉ နာရီခွဲ အချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၂၀ ခန့် ဝင်ရောက်ကာ ရွာသား ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံများက ပြောကြားသည်။

“သေနတ်သံက ၅ချက်။ ပြည်သူ ၂ယောက်ကိုပစ်တာ။ တစ်ယောက်ကတော့ သေပြီဗျ။ သေသူ ဦးကျော်ထွေးပါ။ နောက်စေ့ကိုပစ်သွားတာပါ။ နောက်တစ်ယောက်က ဦးယူစွမ်ပါ။ ဒီတစ်ယောက်ကတော့ မသေ သေးဘူး။ အခုတော့ ရွာက ဘုန်းကြီးကားနဲ့ ဆေးရုံခေါ်သွားပြီ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

စစ်တပ်နှင့်ပျူစောထီးက အကြောင်းမဲ့ ပစ်သတ်ခြင်းဖြစ်ပြီး ပျူစောထီးမိန်းမကို အသတ်ခံရခြင်းကို မကျေနပ်၍ မဆိုင်သည့် ရွာသားများကို လိုက်သတ်နေခြင်း ဖြစ်ကြောင်း၊ မီးမြင်သည့် အိမ်ကို ဝင်သတ်သည့် ပုံမျိုးဖြစ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သေတဲ့ ဦးကျော်ထွေးနဲ့ အခုဆေးရုံ ခေါ်သွားတဲ့ ကိုယူစွမ် တို့က လူရိုးလူအေးတွေပါ။ နိုင်ငံရေးတို့လည်း လိုက်စားနေတဲ့သူတွေ မဟုတ်ပါဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဒဏ်ရာရရှိသည့် ကိုယူစွမ်မှာလည်း ဦးခေါင်းနောက်စိကို သေနတ်မှန်ခြင်းဖြစ်၍ သေဆုံးမည့် အလားအလာများကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article