26.8 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: April, 2022

ထီးလင်းတွင် “အပျော်သင်္ကြန် ဒို့ ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ” စာသားကိုင်ဆွဲကာ ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်

ရန်ကုန်၊ ဧပြီ ၁၃ ထီလင်းမြို့တွင် ပြည်သူများ စုပေါင်းပြီး ယောပြည်သူ့ကာကွယ်ရေးတပ် YDF Htilin Battalion (3)(SSN)က ဆန္ဒပြပြည်သူများ၏ လုံခြုံရေးယူပေးကာ ထီးလင်းမြို့နယ် ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းတွင် "အပျော်သင်္ကြန် ဒို့ ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" ၊"သွေးအေးနေမလားမတွေးနဲ့ ပျောက်ကြားထိုးစစ်နွဲနေပီ...

အကြမ်းဖက် စစ်အာဏာရှင် မကျဆုံးသရွေ့ မည်သည့်ပွဲတော်မှ ပြည်သူကို ကိုယ်စားမပြုအပါအဝင် ဖက်ဆစ် စစ်တပ်ဆန့်ကျင်သည့် အတာအိုးကမ်ပိန်း ပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၃ သင်္ကြန်အကြိုနေ့ဖြစ်သည့် ယနေ့ ဧပြီ ၁၃ ရက်နေ့တွင် စမ်းချောင်းပင်ပသပိတ် စစ်ကြောင်း SC လူငယ်များနှင့် အလုပ်သမားတပ်ပေါင်းစု LA လူငယ်များက အကြမ်းဖက် ဖက်ဆစ် စစ်တပ်အောက်တွင် ပြည်သူအများ ဖိနှိပ်မှု၊ မတရားမှုများ နေ့စဉ်နှင့်အမျှ ခံစားနေရကြောင်း၊ စစ်အာဏာရှင်...

ကော့ကရိတ်-မြဝတီအာရှလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂိတ်ချပြီး ကားများကို တားပြီး ပါသမျှ ဖုန်း ပိုက်ဆံ အကုန်လုယူ၊ ကားကို မီးရှို့

ရန်ကုန်၊ ဧပြီ ၁၃ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ ဆက်သွယ်ထားသော အာရှလမ်းမ တောနော်ရေတံခွန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂိတ်များချကာ ဖြတ်သန်းသွားလာသော ကားမှန်သမျှကို တားပြီး ကားပေါ်ပါလာသမျှ ဖုန်းများ၊ ငွေများကို လုယူနေကြောင်း သတင်းရရှိသည်။ယနေ့ ဧပြီလ ၁၃ ရက်နံနက်၌ ကား ၃ စီးနှင့် ဆိုင်ကယ်...

ပေါက်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနှင့် ကိုင်းမ ကျေးရွာများ ရွာလုံးကျွတ် မီးရှို့ခံနေရ

ရန်ကုန်၊ ဧပြီ ၁၃ မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်တောင်ပိုင်းရှိ သက္ကယ်ကျင်းကျေးရွာနှင့် ကိုင်းမကျေးရွာတို့ ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်၍ မီးရှို့ခံနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "သက္ကယ်ကျင်းကျေးရွာလည်း မီးရှို့ခံနေရတယ်။ မီးများတယ်။ စစ်ခွေးတွေ ရှို့နေတာ။ ကိုင်းမရွာလည်း မီးရှို့ခံနေရတယ်။ ဒီနေ့ မနက်၉...

ရန်ကုန်သင်္ကြန်လူမရှိဘဲ အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ်နေ ၊ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ရှေ့ လူတချို့ တင်လာသော ဖောကား ၃ စီး၊ ဟိုက်ဂျက်ကား ၃ စီး အကြိမ်ကြိမ် ရေပက်ခံပြနေမှုကို ထုတ်လွှင့်နေ

ရန်ကုန်၊ ဧပြီ ၁၃ ယနေ့ ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်မြို့ရှိ လမ်းမကြီးများတွင် လူသူမရှိဘဲ အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ်နေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "ကျနော် လှည်းတန်း၊ မြေနီကုန်း၊ မြို့ထဲ ပတ်လာတာ လူကိုမရှိဘူး...

လက်ပံတောင်းတောင်ဒေသတွင် သင်္ကြန်အကြိုနေ့ မုန့်လုံးရေပေါ်သပိတ်ပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၃ လက်ပံတောင်းတောင်ဒေသတွင် လက်ပံတောင်းတောင်ဒေသပင်မသပိတ်ကော်မတီဝင်များ ဦးဆောင်ပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ယနေ့ ဧပြီ ၁၃ ရက်နေ့တွင် "အလံမလိပ်အသံမတိတ် တော်လှန်သကြၤန်သပိတ်"ခေါင်းစဥ်ဖြင့် မုန့်လုံးရေပေါ်ပြုလုပ်ရင်း သပိတ်ပြုလုပ်ခဲ့ပါတယ်။

ကော့ကရိတ်-မြဝတီအာရှလမ်းတွင် ယနေ့နံနက်အစောပိုင်း ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်၊ စစ်ကောင်စီတပ်နှင့် KNLA တိုက်ပွဲဖြစ်နေဟုဆို

ရန်ကုန်၊ ဧပြီ ၁၃ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမ၊ တောနော်ရေတံခွန်အနီးတွင် ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်တွင် ၁၀ ဘီးကား ၁ စီးအပါအဝင် ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်ပျက်စီးကြောင်း...

ပြည်နယ်/တိုင်း စစ်ကောင်စီသင်္ကြန်မဏ္ဍပ်တိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ ရေပက်ခံ လည်ပတ်ရမည်ဖြစ်ပြီး လည် ပတ်မှုအတွက် ငွေကြေးပေးမည်၊ PDF ကို နာမည်ဖျက်ရန် ပြည်သူ အစုလိုက်အပြုံလိုက်သေစေနိုင်သည့် ဗုံးခွဲမှုမျိုး စစ်တပ်က လုပ်လာနိုင်၍ သတိထားကြရန် လိုအပ်

ရန်ကုန်၊ ဧပြီ ၁၃ နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ စစ်ကောင်စီ သင်္ကြန်မဏ္ဍာများတွင် လူစည်ကားစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ အလှည့်ကျ မလာမနေရ သင်္ကြန်မဏ္ဍပ်များသို့ လာရမည်ဖြစ်ပြီး နေ့အလိုက် မဏ္ဍပ်လာရောက်ရမည့် ဝန်ထမ်းများရှိနေစေရေး ၊လူစည်ကားရေး မဖြစ်မနေလုပ်ဆောင်ရန် အရာရှိများကို စစ်တပ်က အမိန့်...

Khit Thit သတင်းဌာန၏ ဧပြီ ၁၃ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၁၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-မကွေးတိုင်း ပေါက်နဲ့ ဆိပ်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၁ဝရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၇ရက်နေ့မှ စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၃ဦးကို သတ်ဖြတ်ခဲ့ပါတယ်။- မနေ့က ရန်ကုန်မြို့မှာ လူငယ်တွေက ...

စစ်ကောင်စီ၏ အယောင်ပြ သင်္ကြန်တွင် မပါဝင်သော အကြိုနေ့ တော်လှန်သင်္ကြန် လှုပ်ရှားမှု ပုံရိပ်တချို့

ရန်ကုန်၊ ဧပြီ ၁၃ မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများက စစ်ကောင်စီ၏ အယောင်ပြ သင်္ကြန်ပါဝင်ခြင်းမပြုဘဲ ရှိနေကြပြီး ပြည်သူတချို့က အကြိုနေ့ တော်လှန်သင်္ကြန် လှုပ်ရှားမှု ပုံရိပ်တချို့ကို ရန်ကုန်ခေတ်သစ်သို့ပေးပို့လာပါသည်။ အဆိုပါ ပုံရိပ်တချို့ကို ပြန်လည် မျှဝေလိုက်ပါသည်။

Latest news

- Advertisement -spot_img