26 C
Yangon

ကရင်နီ KNDF ကို AA ၊ TNLA နှင့် MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့တို့က အကူအညီ ပေးမည်ဟုဆို

Must read

ရန်ကုန်၊မေ ၃၁

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ကို တတ်စွမ်းသ၍ ပံ့ပိုးကူညီပေးမယ်ဟု KNDF ဖွဲ့စည်း တည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် AA ၊ TNLA နှင့် MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့တို့က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာမှာ ပြောဆိုလိုက်ပါတယ်။

မေလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားအတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအောင်း လွတ်မြောက် ရေး တပ်မတော် TNLA နဲ့ ရက္ခိုင်တပ်တော် AA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

KNDF က ချမှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်ပြီး ကရင်နီပြည်သူတွေ လိုလား တောင်းတတဲ့ ရည်မှန်းချက်တွေ ပြည့်ဝပါစေဖို့ကိုလည်း ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

လက်ရှိအချိန်မှာ စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ရောက်တဲ့ ကိုးကန့်၊ တအောင်းနဲ့ ရက္ခိုင်တပ်တော် တို့ဟာ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG အပါအဝင် စတဲ့တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေလုပ် ဆောင်ခဲ့ကြ ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article