37 C
Yangon

ကလေးမြို့တောင်ပိုင်း၊ အရှေ့စည်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အနီးကပ်တိုက်ပွဲဖြစ်၊ PDF ၂ ဦး ကျဆုံး၊ စစ်တပ်က အရှေ့စီးကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ အရှေ့စည်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များကြား ယမန်နေ့ မေလ ၁ ရက်နေ့တွင် တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားကြောင်း၊ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကြောင်း၊ အရှေ့စည်းကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ကြောင်း သတင်းရရှိသည်။

“မနေ့က အရှေ့စည်းရွာမှာ တိုက်ပွဲက မနက် ၈ နာရီကနေ ညနေအထိ ဖြစ်တယ်။ စစ်တပ်က အင်အားများတယ်၊ မဟာမိတ်ဘက်က PDF Kalay၊ RKDF၊ CDF-KKG၊ ပ.က.ဖ ပူးပေါင်းအဖွဲ့တွေနဲ့ ဖြစ်တာ။ စစ်တပ်က အင်အားများတော့ ကျနော်တတို့ VAKOK (CNDF) က စစ်ကူသွားတယ်။ စစ်သားတွေက အရှေ့စည်းရွာထဲကို ဝင်လာတော့ တိုက်ပွဲက အနီးကပ်ကိုဖြစ်တာ၊ စစ်တပ်က လက်ပစ်ဗုံးတွေနဲ့ပါဖြစ်တယ်။ ကျည်ထိပြီးတော့ RKDF က ၁ ယောက်၊ ပ.က.ဖ က ၁ ယောက် ကျတယ်။ ကျနော်တို့ မဟာမိတ်တွေဘက်က နည်းနည်းဆုတ်ထားရတယ်” ဟု VAKOK (CNDF) တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အရှေ့စည်းရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တော်တော်များများ မီးလောင်ပျက်စီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ အရှေ့စည်းရွာအနီးတွင် ဧပြီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မဟာမိတ်တပ်ဖွဲ့မှ နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်း ၇ လောင်း၊ သေနတ် ၁ လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။

အထိနာသောစစ်ကောင်စီတပ်ဖွဲ့သည် အင်အားဖြည့်တင်းကာ အရှေ့စည်းရွာသို့ ဧပြီလ ၃၀ ရက်နှင့် မေလ ၁ ရက်တို့တွင် စစ်ကြောင်းထိုးလာခြင်းကြောင့် လက်ရှိတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ဓါတ်ပုံ – VAKOK (CNDF) တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article