30 C
Yangon

ဒီပဲယင်းရဲစခန်း၊ ဘုတလင်မြို့နယ်နှင့် မင်းဘူး တိုးဂိတ်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဒီပဲယင်း ရဲစခန်းကို ယမန်နေ့ မေ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ရှော့တိုက်ဒုန်း ၁၅ လုံးဖြင့် တိုက်ခိုက်ခံရပြီး တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ သုံးဦး သေကာ တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း KAUNG KIN-PDF (ဒီပဲယင်း) မှ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံတပ်ဖွဲ့များဖြစ်သည့် ကောင်းကင်၊ ဗိုလ်ဇေယျ၊စွယ်တော်၊ Zero Fighters၊ ရင်း (၁၂)နှင့် အခြား Local PDF အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် တလိုင်းချောင်းအနီးတွင် ယနေ့ မေ ၂ ရက်နေ့ နံနက် ၉ နာရီတွင် အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံမှ သိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှာ မိုင်းများ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်လုပ် လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဝင်များ မိုင်းနှင့် လက်နက်ကြီး ထိမှန်ကာ ၅ ဦးသေဆုံးသွားခဲ့ကြီး ဒေသကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်များသည် တလိုင်းချောင်းမြောက်ဘက်ရှိ တောရဘုန်းကြီး ကျောင်းတစ်ခုတွင် တပ်စွဲလျက်ရှိပြီး ဘုတလင်မြို့ကိုလည်း စစ်တပ်က ပိတ်ဆို့ထားကြောင်း သိရှိရသည်။

“မနက်က မြို့ပေါ်မှာ စျေးဆိုင်တွေ အကုန်ပိတ်ခိုင်းတယ်။ လမ်းဘေးစျေးသည်တွေရော ဆိုင်တွေရော အကုန်ပိတ်ခိုင်းတာ။ မြို့ကိုလည်း လေးဘက်လေးတန် ပိတ်ဆို့စစ်ဆေးနေတယ်။ တိုက်ပွဲဖြစ်နေတာကြောင့်မို့လို့ ပြောတယ်” ဟု ဘုတလင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ မေလ ၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စကု ပြည်သူ့ကာကွယ်ရေးတပ်က မင်းဘူး-စကု ကားလမ်းပေါ်ရှိ တိုးဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများကို အနှောင့်အယှက်ပေးပြီး ဆက်ကြေးတောင်းနေသည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း စကုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်းမှူး ဗိုလ်မိုးသီးက ပြောသည်။

“ဒီမနက်၆နာခွဲအချိန်မှာ မင်းဘူး၊စကု သွားလမ်းမပေါ်မှာရှိတဲ့တိုးဂိတ်နားမှာ အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်အောင် ဆက်ကြေးကောက်တောင်ခံနေတဲ့ရဲခွေးတွေကို အင်အားပြင်းအဝေးထိန်းမိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုစာရင်းအတိအကျကိုတော့စုံစမ်းဆဲဖြစ်ပါတယ်” ဟု စကု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်မိုးသီးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article