30 C
Yangon

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂUNICEF ကိုယ်စားလှယ်အသစ် စစ်ကောင်စီနှင့်အပေးအယူလုပ်ပြီး ပြည်ဝင်ခွင့်ရဟုဆို

Must read

ရန်ကုန်၊ မေ ၃၁

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂUNICEF ဌာနကိုယ်စားလှယ်အသစ် Mr. Marcoluigi Corsi သည် စစ်ကောင်စီနှင့်အပေးအယူ လုပ်ဆောင်ပြီး ပြည်ဝင်ခွင့်ရရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂနှင့်နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။

Mr. Marcoluigi Corsi သည် မြန်မာနိုင်ငံ၏ ယူနီဆက်ဆိုင်ရာကိုယ်စားလှယ်အဖြစ် ၂၀၂၁ ဒီဇင်ဘာလ၌ ခန့်အပ်ထားခံခဲ့ရသော်လည်း ပြည်ဝင်ခွင့်ရရှိရန် စောင့်ဆိုင်းခဲ့ရကြောင်း၊ စစ်ကောင်စီနှင့်ညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် ယခုမေလအတွင်းမှ ရန်ကုန်သို့ ဝင်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“UNICEF ရဲ့ Representative က မြန်မာပြည်ကို လာဖို့ စစ်ကောင်စီ နဲ့ အပေးအယူတွေလုပ်ခဲ့ရတယ်လို့ သိရတယ်။ အပေး အယူထဲမှာ UN Credential (ခန့်အပ်လွှာ) ကို မင်းအောင်လှိုင်ကို သွားအပ်ရမယ်။ ၃ လအတွင်း စကစရဲ့ဝန်ကြီးတွေနဲ့တွေ့ရမယ် ဆိုတာမျိုးပါတယ်လို့ ပြောပါတယ်။ ကုလ သမဂ္ဂအေဂျင်စီအများစုရဲ့ အကြီးအကဲတွေဟာ ဗီဇာ ရဖို့ အတွက် စစ်ကောင်စီနဲ့ အပေးအယူ ညှိုနှိုင်းမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်” ဟု ကုလသမဂ္ဂနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ UNICEF ကိုယ်စားလှယ်အသစ်သည် ယူနီဆက် အရှေ့တောင်အာရှနှင့်ပစိဖိတ် ဒေသပိုင်းဆိုင်ရာဒါရိုက်တာအဖြစ် ၂၀၂၀ ဖေ‌ဖော်၀ါရီလ မှလုပ်ကိုင်ခဲ့ပြီး သူသည် ယူနီဆက် ကိုယ်စားလှယ် အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အထိ မိုဇမ်ဘစ်ရုံး နှင့် ၂၀၁၁ ခုနှစ် ဩဂုတ်လ မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ အထိ ဘိုလီးဗီးယားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

သူသည် ယူနီဆက်ဆိုင်ရာ လက်‌ထောက်ကိုယ်စားလှယ်အဖြစ်လည်း နှစ်ကြိမ်တိုင်စီ ၂၀၀၅ ခုနှစ် မှ ၂၀၁၁ ခုနှစ် ကို အင်ဒိုနီးရှားနိုင်ငံရုံး ၊ ၂၀၀၂ မှ ၂၀၀၅ ကို အဲထရာနိုင်ငံရုံးတွင်လည်း လုပ်ကိုင်ခဲ့ကြောင်း၊ ထိုမတိုင်ခင်၌ သူသည် ယူနီဆက်အစီအစဥ်စီမံချက်ရေးဆွဲခြင်း ၊ စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်း ၎ာနအကြီးအကဲအဖြစ် ဆိုမာလီယာနိုင်ငံ လုပ်ကိုင်ခဲ့ပြီး တန်ဇန်းနီးယား ပြည်နယ် ၊ ဒါရက်စ်ဆာလမ် ရှိ လူထုအခြေပြု အစီအစဉ်နှင့်ညှိနှိုင်းရေး ၎ာနတွင် စီမံကိန်းအစီအစဉ်စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်းအတွက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အီတလီနိုင်ငံသားတစ်ဦးဖြစ်သော မစ္စတာ မာကိုလူဂျီ ကော်စီသည် အီတလီနိုင်ငံ၊ ရောမမြို့ရှိ လာဆာပီယန်ဇာတက္ကသိုလ်မှ နိုင်ငံတကာ နိုင်ငံရေးသိပ္ပံပညာမာစတာဘွဲ့ကို ရရှိထားကြောင်း၊၎င်းသည်အိမ်ထောင်သည် သမီးသုံးယောက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article