31 C
Yangon

ရန်ကုန်မြို့လယ်ခေါင်၊ အနော်ရထာလမ်းမပေါ် ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာရ၊ ပြည်သူကို ပစ်မှတ်ထားခြင်းဖြစ်၍ စစ်ကောင်စီနှင့်ပျူစောထီးများ၏ လုပ်ရပ်ဟု ရန်ကုန်မြို့ခံများပြောဆို

Must read

ရန်ကုန်၊ မေ ၃၁

ရန်ကုန်မြို့လယ်ခေါင်၊ အနော်ရထာလမ်းမပေါ် ကားမှတ်တိုင်တွင် ယနေ့ မွန်းလွဲ ၃ နာရီကျော်အချိန် ဗုံးပေါက်ကွဲပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

“မြို့ထဲမှာပေါက်သံကြားတယ်။ အနော်ရထာလမ်းမပေါ် ဘားလမ်းမှတ်တိုင်မှာ ဗုံးပေါက်တာ။ ကားစောင့်နေတဲ့ ပြည်သူ ၇ယောက် ဗုံးထိမှန်တယ်လို့ ကြားပါတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ သေချာမသိရသေးဘူး” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုကို မျက်မြင်ကြုံတွေ့ရသူ ရန်ကုန်မြို့ခံတစ်ဦးကမူ ကားမှတ်တိုင်တွင် ပြည်သူကို ထိခိုက်စေရန် သေချာပေါက် ရည်ရွယ်ဗုံးထောင်ထားခြင်းဖြစ်၍ PDF လူငယ်များနှင့်တော် လှန်ရေးကို ပုံဖျက်ရန် လုပ်ဆောင်သော စစ်တပ်နှင့် ပျူစောထီးများ လက်ချက်ဟု သေချာပေါက် ပြောနိုင်သည်ဟုဆိုသည်။

“ဗုံးပေါက်တဲ့နေရာက ပြည်သူပဲရှိတာ။ PDF က ဗုံးထောင်ရင်တော့ စစ်တပ်ရှိတဲ့နေရာပဲထောင်မှာပဲလေ။ ဒါက ကျနော်ထင်ပါတယ်။ တော်လှန်ရေးနဲ့ PDF တွေကို ပုံဖျက်ချင်လို့ လုပ်တာလို့ပဲထင်တယ်။ ပစ်မှတ်က ပြည်သူကို ပစ်မှတ်ထားတာ။ ပြည်သူကို ပစ်မှတ်ထားရင် စစ်ခွေး ရဲခွေးနဲ့ ပျူခွေးကလွဲရင် မရှိဘူး။ PDF ကတော့ ကားမှတ်တိုင် ဗုံးမထောင်ဘူး အဲဒါသေချာတယ်” ဟု ရန်ကုန်မြို့ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article