31 C
Yangon

လက်ရှိနိုင်ငံရေးအခြေအနေတွင် အစိုးရ မည်သူအုပ် ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်း ရေးသာဖြစ်‌ပြီး မည်သည့်ဘက်မှ မပါဝင်ဟု UWSA ပြော

Must read

ရန်ကုန်၊ မေ ၃၁

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေတွင် အစိုးရအဖြစ် မည်သူက အုပ်ချုပ်သည်ဖြစ်စေ၊ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခ ပို၍ မဖြစ်စေလိုသောကြောင့် မည်သည့်ဘက်မှ ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း မင်းအောင်လှိုင်ကို ၀ ပြည်နယ်ကိုယ်စားလှယ်အဖွဲ့က ပြောဆိုသည်။

မင်းအောင်လှိုင်နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သော အဖွဲ့တို့ နေပြည်တော်တွင် မေလ ၃၀ ရက်နေ့က တွေ့ဆုံစဉ် ၀ ပြည်နယ်ကိုယ်စားလှယ်က ထိုသို့ ပြောဆိုခြင်းဖြစ် ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

၀ ကိုယ်စားလှယ်အဖွဲ့က လက်ရှိ ပြဿနာများကို အင်အားသုံးမဖြေရှင်းနိုင်ကြောင်း၊ နိုင်ငံတကာက လက်ရှိမြန်မာ့အခြေအနေကို ဖြေရှင်းရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် သက်ဆိုင်သူများက ဖြေရှင်းရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အမြန်ဆုံးဖြေရှင်းရန် တောင်းဆိုကြောင်း ၀ ပြည်နယ်ကိုယ်စားလှယ်အဖွဲ့က ပြောဆိုသည်။

၀ ပြည်နယ်အနေဖြင့် နိုင်ငံတော်မှ ခွဲထွက်ခြင်းမပြုလုပ်မဟုတ်ကြောင်း၊ ကာကွယ်ရေးနှင့်သံတမန်ရေးမှ လွဲ၍ မိမိကိုယ်ကိုယ် စီမံအုပ်ချုပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ကို လိုက်နာ ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ ၀ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တည်ထောင်ရန် တောင်းဆိုကြောင်း၊ နှစ်ဖက် ပဋိပက္ခ ရှောင်ရှားရန်နှင့် အနာဂတ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှု ထိန်းသိမ်းရန် မင်းအောင်လှိုင်ကို ၀ ကိုယ်စားလှယ်အဖွဲ့က တောင်းဆိုကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ မင်းအောင်လှိုင်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး တက်ရောက် ရင်း ကျန်းမာရေး မကောင်းမွန်၍ နေပြည်တော်ကုတင် ၁၀၀၀ ဆံ့ ဆေးရုံတွင် ဆေးကုသမှုခံယူရသည့် UWSA “ဝ”အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိနှင့် ပြင်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကော်အမ်တို့ကို သွားရောက် ငှက်သိုက်တိုက်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article