34 C
Yangon

လှိုင်သာယာ စစ်တပ်အထည်ချုပ်စက်ရုံကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်၊ ရန်ကုန်နှင့်ကံမမြို့တို့တွင် မိုင်းခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၃၁

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ စနေမ ၅ ထိပ်ရှိ စစ်တပ်အထည်ချုပ်စက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ မေလ ၃၁ ရက် နံနက် ၅ နာရီ ၂၅ မိနစ်တွင် လှိုင်သာယာပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ် HRDF က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်သားများက ပြန်လည် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း HRDF အဖွဲ့သားများ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ HRDF အဖွဲ့အနေဖြင့် ဒေသခံ မိတ်ဖက်တော်လှန်ရေး အင်အားစုများဖြင့်ပူးပေါင်း၍ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်ကောင်စီကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မေလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ ဗဟန်း မြို့နယ်၊ ရွှေဂုံတိုင် ယာဉ်ထိန်းရဲရုံးကို ဗုံးခွဲတိုက်ခိုက်ရာ ရဲကင်းအတွင်းရှိ ယာဉ်ထိန်းရဲတစ်ဦး သေဆုံးခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)က ပြောသည်။

ထို့ပြင် JBF အဖွဲ့သည် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ်ရှိ မူးယစ်ဆေးဝါးများ ဖြန့် ဖြူး သုံးစွဲနေသည့် Woodland X Barကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးခွဲတိုက်ခိုက်သည့် ဘားသည် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိများ၏ သားသမီးများနှင့် ခရိုနီသားသမီးများ လာရောက်‌ မူးယစ်ဆေးဝါး သုံးစွဲသည့်နေရာ ဖြစ်ကြောင်းသိရှိရသည်။

အလားတူ မကွေးတိုင်း၊ ကံမမြိုနယ်တွင်လှည့်ကင်းဆောင်ရွက်နေသော စစ် တပ်ကို မေလ ၃၀ ရက် နံနက် ၁ နာရီကချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း၊ ကံမမြိုနယ်၊ ဆုံကုန်းကျေး ရွာလမ်းဆုံရှိ ပိတ်ထားသော ပိတုန်းနက်စားသောက်ဆိုင်ရှေ့တွင် စစ်သားတချို့ ယာဉ်ပေါ်မှဆင်းလာနေစဉ် လက်လုပ်ချိန်ကိုက်မိုင်းဖောက်ခွဲခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရပ်ကွက်များထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article