ရန်ကုန်၊ မေ ၁
ဆားလင်းကြီး မြို့နယ်တွင် မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ် ဦးဆောင်ကော်မတီနှင့် မုံရွာ လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ယနေ့ မေလ ၁ ရက်နေ့တွင် “အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့”စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။



