By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၃ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ဘူးသိုမြို့နယ်၊ မယ်ညုထာ-ကျေးရွာအတွင်းကို မေလ ၁ ရက် ည ၈ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီး ၃ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
– စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်ကောင်စီ တည်းခိုရေး စခန်းဂိတ်ကို ဒီကနေ့ မနက် ၇ နာရီလောက်မှာ ကား ပေါ် ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
– စစ်ကိုင်းတိုင်း ကလေးမြို့ အရှေ့စည်းရွာ နဲ့ ရှားဖိုရွာ အနီးအနားမှာ အကြမ်းဖက် စစ်တပ်နဲ့ CDF၊ PDF ပူးပေါင်း တပ်ဖွဲ့ကြား မေလ ၁ရက် နဲ့ ၂ရက်နေ့တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။