26 C
Yangon

ကလေးမြို့တွင် အိမ်ခြေ ၉ဝဝ ခန့်ရှိ အရှေ့စည်းရွာကို စစ်တပ်က မီးရှို့၍ ရွာလုံးကျွတ် ပြာကျ၊ ကျေးရွာနေ ပြည်သူ ၃ဦးကိုလည်း စစ်တပ်က သတ်ဖြတ်

Must read

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း အရှေ့စည်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာနေ ပြည်သူ ၃ဦးကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် အရှေ့စည်းရွာရှိ ၎င်းတို့ တပ်စွဲခဲ့သော ဘုန်းကြီးကျောင်းနှင့် စာသင် ကျောင်းမှလွဲ၍ ပြည်သူပိုင် နေအိမ် အားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရှေ့စည်းရွာသည် ပြည်သူပိုင် နေအိမ် ၉ဝဝကျော်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း သိရသည်။

” ကလေးမြို့နယ် အရှေ့စည်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့သွားပါတယ်။ အိမ်ခြေ ၉ဝဝ ကျာ်ရှိတဲ့ရွာပါ။ မီးရှို့ခံရတာက မေလ ၁ရက်နေ့နဲ့ ၂ရက်နေ့တွေမှာ မီးရှို့ခံရတာပါ။ အကောင်း အတိုင်း ကျန်ရစ်တဲ့ အဆောက်အအုံ ၃လုံးပဲရှိတော့ပါတယ်။ စစ်တပ်က ပြည်သူပိုင် အိမ်တွေမှာရှိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူပြီးတော့မှ မီးရှို့တာပါ။ ကျေးရွာသာ ၃ဦးလည်း အသတ်ခံရပါတယ်။ ဘယ်သူတွေဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ရွာထဲကိုလည်း ဘယ်သူမှ မပြန်ရဲတော့ဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ်က ဧပြီလ ၂၇ ရက်နေ့တွင် အရှေ့စည်းကျေးရွာကို စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးနောက် အရှေ့စည်းကျေးရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၃ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်နေပြီး စစ်ဘေးရှောင် ပြည်သူများကိုပါ ပစ်ခတ်နေကာ လက်ရှိအချိန် စစ်ရှောင်ပြည်သူများသည် နေထိုင်ရေးနှင့် စားသောက်ရေးများပါ အကူအညီလိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article