25 C
Yangon

တောင်ဒဂုံမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူများကို စစ်တပ်သတင်းပေး ဖမ်းခိုင်းပြီး ဆက်ကြေးကောက်သူ သန့်စင်ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ မန္တလေးတွင် မဘသနှင့်စစ်တပ်သတင်းပေး မိုးကို အသတ်ခံရ ၊ စစ်တပ်အမာခံ သွေးသောက်အဖွဲ့က ကျောက်ဆည် NLD ပါတီဝင် ၂ ဦးကို သတ်ဖြတ်

Must read

ရန်ကုန်၊ မေ ၆

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက်တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို စစ်တပ်သတင်းပေး၍ ဖမ်းဆီးခိုင်းသူ ခေါင်းဖြူ (ခ) သန့်ဇင်ဦးနှင့် နောက် လိုက်တစ်ဦးကို ယနေ့ သေနတ်သမားတချို့က ပစ်ခတ်ရာ သန့်ဇင်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ၂၄ ရပ်ကွက် ကြာကန်အနီးတွင် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ သန့်စင်ဦးနှင့် မြေးဖြစ်သူ မြင့်မြတ်ဟိန်းတို့ကို SDGF (ဒဂုံတောင်မြို့ပြပျောက်ကျားတပ်ဖွဲ့)က ဒို့ရိုးရာညီနောင်များ အဖွဲ့နှင့် ပူးပေါင်းပြီး ပစ်ခတ်ကြောင်း ၊ သေနတ်ဖြင့် ၁၀ ချက် ပစ် ခတ်သဖြင့် သန့်စင်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ မြင့်မြတ်ဟိန်းမှာမူ ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့ထားရကြောင်း ၊ သန့်စင်ဦးသည် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဒုက္ခပေးခဲ့သူဖြစ်ကြောင်း SDGF က ထုတ်ပြန်ထားသည်။

“တောင်ဒဂုံ ၂၅ရပ်ကွက် အုပ်ကြီးသား သန့်စင်ဦးနှင့် သူ့မြေး မြင့်မြတ်ဟိန်း ဒီနေ့ နေ့လယ်ခင်း ၂၄ရပ်ကွက် ကြာကန်နားမှာ သေနတ်နဲ့အ ပစ်ခတ်ခံရပါတယ်။ သန့်စင်ဦးကတော့ ပွဲချင်းပြီးပဲ။ မြေးဖြစ်သူက‌ ဆေးရုံမှာ” ဟုဒေသခံတစ်ဦးက ပြောသည်.

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ ဧကနိရွာတွင် ကြံ့ခိုင်ရေးပါတီဝင်၊ စစ်တပ်ထောက်ခံသူ ကြည်စိုး ကို ယမန်နေ့ မေလ ၅ ရက်၊ညနေ ၅ နာရီကျော်ခန့်တွင် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဇင်ယော်တပ်စု) က ပစ်ခတ်ရာ သေဆုံးကြောင်း သိရှိရသည်။

အလားတူ မေလ ၆ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် မန္တလေးတိုင်း မဟာအောင် မြေမြို့နယ်၊ တောင် ခွင်မင်းကြီးကျောင်းတိုက်အနီး Generation Z Power – GZP (Mandalay) က မဘသ အဖွဲ့ဝင် ၊ စစ်တပ်အမာခံ မိုးကိုကို ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၆ ရက်နေ့ နံနက်ပိုင်း ကျောက်ဆည်-ပုလိပ်လမ်းဆုံတွင် စစ်တပ်ထောက်ခံသည့် သွေးသောက်အဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့မှ NLD ပါတီဝင်ဦးညိုထွန်းအောင်နှင့်ဦးတင်သိန်းကို သတ်ဖြတ်ပြီး သွေး သောက် လည်ဆွဲကို အလောင်းနှစ်ခု၏ လည်ပင်းတွင် ချိတ်ဆွဲပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်ထောက်ခံသူ အမာခံ သွေးသောက်အဖွဲ့က သတ်ဖြတ်ထားသော ကျောက်ဆည် NLD ပါတီဝင် ၂ ဦး၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article