25 C
Yangon

မြစ်ကြီးနားရှိ စစ်တပ်ဘက်တော်သား NDAK ခေါင်းဆောင် ဇခုန်တိန့်ယိန်း နေအိမ် ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ပေါက်တွင် နေအိမ်မီးရှို့ဖျက်ဆီးလာသော စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်တပ်ထောက်ခံသော ကချင် ဒီမိုကရေစီ သစ်တပ်မတော် (NDAK) ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်း နေအိမ်ကို မြစ်ကြီးနား မြို့ပြ ပျောက်ကျား တပ်ဖွဲ့က ၄ဝ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးအစောင့် ၂ ဦးသေဆုံးကြောင်း သိရှိရသည်။

မေလ ၆ ရက်နေ့ ည ၁ဝ နာရီ ၃ဝ မိနစ်ခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့် ရပ်ကွက်တွင်ရှိသော ကချင် ဒီမိုကရေစီ သစ်တပ်မတော် (NDAK) ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်း နေအိမ်ကို လုံခြုံရေး ယူထားသော စစ်သားများကို မြစ်ကြီးနား မြို့ပြ ပျောက်ကျား တပ်ဖွဲ့မှ ၄ဝ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း မြစ်ကြီးနား မြို့ပြ ပျောက်ကျား တပ်ဖွဲ့ဝင် ဗိုလ်ကျားကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“အိမ်စောင့်တဲ့ စစ်သား ၂ ဦးတော့ သေသွားတယ်လို့သိရတယ်။ NDAK ခေါင်းဆောင် ဇခုန်တိန့်ယိန်း က စစ်တပ်အလိုကျ ဖွဲ့ထားတဲ့ ပြည်သူ့စစ်အဖွဲ့” ဟု ဗိုလ်ကျားကြီးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ မကွေးတိုင်း ပေါက်မြို့နယ် ကျအိုးကျွေရွာကို ဝင်ရောက် စီနင်းမီးရှို့ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို မေလ ၅ ရက်နေ့တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း PDF Pauk တပ်ရင်း – ၄ထံမှ သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီးဒုတ်ကွင်း ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်ကြောင်းဖြစ်ပြီး ကျအိုးကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၂၇ လုံး ဖျက်ဆီးပြီးနောက် ပြန်လည်ထွက်ခွာစဉ် PDF Pauk တပ်ရင်း – ၄က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ပါဝင်သည့် စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံးခဲ့သည်ဟု PDF Pauk တပ်ရင်း – ၄က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်ဘက်တော်သား ကချင် ဒီမိုကရေစီ သစ်တပ်မတော် (NDAK) ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article