26 C
Yangon

မြောင်တွင် မိုင်းမိ၍ အတွင်းလူနာ ဖြစ်သော စစ်သား ၄ ဦးကို ဆေးရုံပို့သည့် စစ်ကြောင်း PDF ထောက်ချောက်မိ၍ ကားမှောက်ဒဏ်ရာရ၊ ကူညီရန်လာသော စစ်ကြောင်း ထပ်မံမိုင်းမိပြန်

Must read

ရန်ကုန်၊ မေ ၇

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားစဉ် မိုင်းမိ၍ ဒဏ်ရာရရှိသော အတွင်းလူန စစ်သား ၄ ဦးကို မြောင်မြို့နယ် ဆေးရုံမှ မုံရွာမြို့ရှိ ဆေးရုံသို့ ပို့ ဆောင်ပြီး ပြန်လာသည့် စစ်ကြောင်းသည် PDF များထောင်ထားသော ထောက် ချောက်မိ၍ ကားတိမ်းမှောက်သွားကြောင်း သိရှိရသည်။

မုံရွာသို့ လူနာပို့ပြီးနောက် ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလိုက်ပါသော စစ်ကားသည် မြောင်မြို့နယ် ခြေတော်ကျေးရွာအနီး အဘယသုခ ဘုန်း ကြီးကျောင်းတိုက်အနီးတွင် ပျဉ်းပြားပေါ် ၂ လက်မ အရွယ် သံများထောင်ထားသည့် ထောင်ချောက်ကို နင်းမိပြီး လမ်းမ၏ ဝဲဘေးဘက်သို့ ၂ ပတ်ခန့် ကားလိမ့်ဆင်း တိမ်းမှောက်သွားကြောင်း၊ စစ်သား ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယင်းနောက် ကားမှောက်ဒဏ်ရာရရှိသော စစ်သားများကို ကူညီပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်သော စစ်ကြောင်းသည့် မြောင်မြို့မြောက်ဘက် ၁ မိုင်ခန့်အကွာ မြောင်- ပရိမ္မလမ်း ရေကျော်တံတားအနီးတွင် မိုင်း ၃ လုံးပေါက်ကွဲသဖြင့် ထပ်မံဒဏ်ရာရရှိမှုများရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ-မြောင်မြို့တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article