25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက် စစ်ရာဇဝတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်းက နေအိမ်ကို မေလ ၅ ရက်နေ့မှာ အစုရှယ်ယာနဲ့ ရောင်းချမှုကို စတင်လိုက်ပြီး ၂၄ နာရီအတွင်း အမေရိကန်ဒေါ်လာ ၇ သိန်း ကျော်ဖိုး ရှယ်ယာတွေ ရောင်းချရခဲ့တယ်လို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေး ထုတ်ပြန်ထားပါတယ်။
-ချင်းပြည်နယ်၊ မတူပီက ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မေလ ၆ ရက်နေ့ ညနေပိုင်း နဲ့ ဒီကနေ့ မနက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အသေအဆုံးများ နိုင်ပေမယ့် အရေအတွက်ကိုတော့ မသိရသေးဘူးလို့ CDF မင်းတပ် ပြောခွင့်ရှိသူဆီကနေ သိရပါတယ်။
– ကရင်ပြည်နယ်မှာ စစ်တပ်လက်အောက်ခံ BGF က ကြာအင်းဆိပ်ကြီး နဲ့ ဘားအံမှာရှိတဲ့ ရွာသူရွာသား တွေကို စစ်ကောင်စီအတွက် အဓမ္မလုပ်အားပေးခိုင်းစေပြီး ၊ ပြည်သူတွေကို ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှု တွေ၊ အမျိုးသမီးတချို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ၊ ငွေကျပ် သိန်းဆယ်ချီတောင်းပြီး ပေါ်တာ ဆွဲခံရသူတွေကို ပြန်လည် ရွေးယူခိုင်းတာတွေ ဖြစ်ပွားနေတဲ့အကြောင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article