25 C
Yangon

ဟားခါး-ဖလမ်း လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၁၄ ဦးခန့် သေဆုံး၊ မုံရွာတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး ၆ ဦး ဒဏ်ရာရ၊ ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီ သင်္ဘောပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၈

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CNDFနှင့် ပူးပေါင်းအဖွဲ့က မေလ ၄ ရက်နှင့် ၆ ရက်နေ့တွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၄ ဦးခန့် သေဆုံးပြီး မေလ ၇ ရက်တွင် CNDF ရဲဘော် ၁ ဦး မိုင်းမတော်တဆမှု ဖြစ်ပြီး ကျဆုံးသွားကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO က သတင်းထုတ်ပြန်သည်။

သံချပ်ကာအမြှောက်ကား ၂ စီးပါ စစ်ကား အစီး ၂၀ ကျော် ယာဉ်တန်းသည် ဟားခါးမြို့မှ မေလ ၂ ရက်နေ့တွင် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မေလ ၄ ရက်နေ့တွင် CNDF နှင့် ပူးပေါင်းအဖွဲ့က ဒေါက်ထက်ကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၆ ဦးခန့် သေဆုံးကြောင်း၊ မေလ ၆ ရက်နေ့တွင် ထပ်မံမိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးကြောင်း သိရှိရသည်။

ဟားခါး-ဖလမ်း ကားလမ်းပေါ်ရှိ တားလ်ကျေးရွာအနီးတွင် မေလ ၇ ရက်၌ CNDF ရဲဘော် ၁ ဦး မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့ကြောင်း CNDF က ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ အကြမ်းဖက်စစ်ကော်ငစီတပ်ဖွဲ့ဝင်များ စခန်းချနေသော မအူစစ်ဆေးရေးဂိတ်ကို မုံရွာအခြေစိုက် ညီနောင် ၃ ဖွဲ့က ယမန်နေ့ ည ၇ နာရီခွဲခန့်တွင် ဝင်ရောက်ပစ်ခတ်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၈ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ကို Monywa People Defence Force (MPDF)၊ Monywa Satan၊ Special Force 11. PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကောင်စီသင်္ဘော ၁ စီးကို နွားထိုးကြီးဒေသကာကွယ်ရေးတ်ပဖွဲ့ NRDF နှင့် မြောင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ MSPDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း NRDF က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ချင်းပြည်နယ် ဟားခါးမြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ သံချပ်ကာ ၁ စီး (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article