25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၉ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ မေလ ၉ ရက်နေ့မှာ KNU က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
– စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဝမ်ပေါင်နဲ့ယမ်စီကုမ္ပဏီတို့ရဲ့ ကြေးနီ စီမံကိန်းတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကြောင်းနဲ့ ဒေသခံ PDF တွေမနေ့ ညနေ ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
– ဖြစ်ပွားတဲ့ဖရူဆိုတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီအရာရှိဒုတိယ ဗိုလ်မှူးကြီးရဲ့ အဆောင်အယောင်တံဆိပ်တွေကို KNDF ရဲဘော်တစ်ဦးက စစ်သုံးဖိနပ်နဲ့ အိမ်သာစီး ဖိနပ်တို့မှာ တပ်ဆင် စီးနင်းအသုံးပြုထားပါတယ်။
– မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေကို ဖြေရှင်း ဖို့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက် ထိတွ့ဆက်ဆံ ဆောင်ရွက်သွားမယ်သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article