29 C
Yangon

မတူပီမှ ဆင်းလာသော စစ်ယာဉ်တန်း CDF မင်းတပ်အဖွဲ့၏ တိုက်ခိုက်ခြင်းခံရပြီး ၂ ရက်အတွင်း၌ စစ်သား ၇ ဦးထက်မနည်းသေဆုံးပြီး စစ်ကားအချို့ ပျက်စီး

Must read

ရန်ကုန်၊ မေ ၉

ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၃၂ မှ ၂၇ အတွင်း၌ စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်က ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မေလ ၇ ရက်နှင့် ၈ ရက်တွင် စစ်သား ၇ ဦးထက်မနည်းသေဆုံးကာ၊ အများအပြား ဒဏ်ရာရပြီး စစ်ကားအချို့ ပျက်စီးသွားကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။

မေလ ၇ ရက်နေ့တွင် မိုင်တိုင် ၃၂ အနီး CDF ၏ ၃ ကြိမ်တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦး သေဆုံးခဲ့သည်ဟု သိရှိရဿည်။

ယမန်နေ့ မေလ ၈ ရက်နေ့တွင် မိုင်တိုင် ၂၈ ၌ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းနင်းမိပြီး သေဆုံးသူများရှိကြောင်း၊ မိုင်တိုင် ၂၇ တွင် မိုင်းထိပြီး စစ်ကားအချို့ ပျက်စီးကြောင်းနှင့် ရာသီဥတုဆိုးရွားနေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့များ၏ ထိခိုက်သေဆုံးမှု စာရင်းအတိအကျကို ထုတ်ပြန်နိုင်ရန် ခက်ခဲနေကြောင်း CDF မင်းတပ် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ယာဉ်တန်းသည် သံချပ်ကာ ၂ စီးအပါအဝင် စစ်ကား အစီး ၇၀ ကျော်ဖြင့် မတူပီမှ ဧပြီလ ၂၇ က်နေ့တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article