32 C
Yangon

မုံရွာတွင် စစ်ကား ၂စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးသေဆုံး၊ မြောင်တွင် စစ်ကြောင်း မိုင်းဆွဲခံရကာ စစ်သား ၂ ဦးသေ၊ မြင်းမူတွင် PDF စခန်းဝင်စီးခံရပြီး ရဲဘော် ၈ ဦး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း မုံရွာတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)မှ ထွက်လာသည် အကြမ်းဖက် စစ်တပ် စစ်ကား ၂စီးကို မေလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝ မိနစ်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက အဆင့်မြှင့်ထားသော မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ချိုမိုင်မိုင် ယင်းမာပင် ကနီ မဟာမိတ်တပ်ပေါင်းစုထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကား ၂စီးကို ချိုမိုင်မိုင် ယင်းမာပင် ကနီ မဟာမိတ်တပ်ပေါင်းစု၊ Democratic Guerilla Force (Lower Chindwin)၊ Anonymous Heores People Defence Forceနှင့် Dynamite Heores BDL People Defence Forceတို့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ ၄ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Natogyi Regional Defence Force (NRDF) တပ်ဖွဲ့ထံမှ သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Natogyi Regional Defence Force (NRDF)၊ MSPDF၊ Burmese Guerrilla Force (BGF)၊ Chaung U People Defence Force (CHUPDF) တို့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း NRDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဲကူကျေးရွာ အနီးရှိ Black Eagle Defence Force- MMU ကင်းစခန်း တစ်ခုကို အကြမ်း ဖက် စစ်တပ်က ယနေ့ မေလ ၉ ရက်နေ့တွင် နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကင်းစခန်း၌ တာဝန်ကျနေသော ရဲဘော် ၈ ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article