ရန်ကုန်၊ မေ ၉
အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မေလ ၉ ရက်နေ့၌ လှည့်လည်ချီတက်ဆန္ဒပြကြသည်။
ကလေးမြို့တောင်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က အများပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အတွက် ကလေးမြို့ပေါ်မှ ပြည်သူများ တော်လှန်ရေး သွေးမအေးကြရန်နှင့် စစ်ရှောင်များကို ကူညီထောက်ပံ့ပေးရန် လှုံ့ဆော်ခဲ့ကြသည်။