33 C
Yangon

ယင်းမာပင်ရှိ ကျေးရွာ ၂ရွာကို စစ်တပ်က ဝင်စီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်၊ ဆားလင်းကြီး ကံကုန်းရွာနှင့် မြင်းမူမြို့ စည်ပင်ရွာကိုလည်း စစ်တပ်က ဝင်စီး၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်

Must read

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ရွာနှင့် သဲတောကြီးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၈ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း Golden Star Force အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် တယ်ပင်ကန်ရွာမှ ရွှေပန်းခိုင်ရွာသို့ မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိလာကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို ခိုးယူ လုယက်သွားခြင်းဖြစ်ကြောင်း သိရသည်။

” ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာ ကနေတစ်ဆင့် ဝင်ရောက်လာတာပါ။ နေ့လည်ပိုင်း ရွှေပန်းခိုင် စာသင်ကျောင်းမှာ တပ်ဆွဲပါတယ်။ အင်အား 80 ခန့်ပါတယ်။ ညနေပိုင်းရောက်တော့ LPDF တွေ ပကဖ တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ထိခိုက် ကျဆုံးမှုတော့ မသိရသေးပါဘူး။ အိမ်တွေကတော့ အကုန်ဝင်မွှေသွားပါတယ်။ ကြက်တွေ သတ်ပီး ချက်ပြုတ်စားပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ်သည် ရွှေပန်းခိုင်ရွာတွင် ညအိမ်သွားကာ ယနေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး ပြည်သူများ အားလုံးသည် အကြမ်းဖက် စစ်တပ် ပြန်လည် ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် ကျးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်းမရှိသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်သည် စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် အတွင်းရှိ ကံကုန်းရွာနှင့် မြင်းမူမြို့နယ်ရှိ စည်ပင်ရွာတို့ကို မေလ ၉ရက်နှင့် က ရက်နေ့တွင် ဝင်ရောက် စီးနင်း ခဲ့ကာ ပြည်သူများနေ အိမ်များကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်သွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မြင်းမူမြို့နယ် စည်ပင် ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၇ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် တချို့ကို ဖျက်ဆီးကာ ပြဘည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း ဒေသခံပြည်သူက ပြောဆိုသည်။

ထို့ပြင် ဆားလင်းကြီးမြို့နယ် ကံကုန်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် စီးနင်း ခဲ့ပြီး ပြည်သူပိုင် စျေးဆိုင်များရှိ စားသောက်ကုန်များ၊ အရက် ပုလင်းများ၊ ဘီယာ ပုလင်းများကို ယူဆောင်သွားကာ အလှူခံပုံး တစ်ခုကိုလည်း ရိုက်ဖွင့်ကာ ငွေကြေးများ ယူဆောင်သွားကြောင်း ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

” ရွာထိပ်မှာရှိတဲ့ စျေးဆိုင် ၂ဆိုင်က စားသောက်ကုန်တွေ အရက်ပုလင်းတွေ ဘီယာ ပုလင်းတွေ ယူသွားတယ်။ အလှူခံ ပုံးကိုလည်း ရိုက်ဖွင့်ပြီး အထဲမှာရှိတဲ့ ပိုက်ဆံတွေသွားတယ် အခုတော့ ပြန်ထွက်သွားပြီ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဆားလင်းကြီး မြို့နယ် အတွင်းရှိ ရွာသာရွာ၊ ဂုဏ်တောရွာများကိုလည်း ဝင်ရောက် မွှေနှောက်ခဲ့ကာ ပြည်သူပိုင်များကို ခိုးယူ လုယက်သွားကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မွှေနှောက်ခဲ့သော ရွှေပန်းခိုင်ရွာမှ ပြည်သူပိုင် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article