28 C
Yangon

မင်းလှ အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ တပ်ကြပ်ကြီးစာရေး CDM လုပ်ပြီး ပြည်သူ့ဘက်သို့ ခိုလှုံ၊ လွတ်မြောက်နယ်မြေပို့ဆောင်မည်

Must read

ရန်ကုန်၊ မေ ၁၀

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက် ရုံမှ တပ်ကြပ်ကြီးစာရေးတစ်ဦး CDM ဝင်လာကြောင်း လွိုင်ကော် PDF က တရားဝင်သတင်းထုတ်ပြန်သည်။

မေလ ၉ ရက်နေ့တွင် တပ်ကြပ်ကြီးစာရေး တစ်ဦးသည်လွိုင်ကော် PDF ထံသို့ CDM အဖြစ် အလင်းဝင် ပူးပေါင်းလာခဲ့ကြောင်း၊ အဆိုပါ တပ်ကြပ်ကြီးစာရေးသည် မင်းလှ၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါတွင် ပြည်သူ့ဘက်သို့ ခိုလှုံကာ အာဏာရှင်ကို ဆန့်ကျင်ခဲ့ခြင်း ဖြစ်ကြောင်း၊ CDM တပ်ကြပ်ကြီးအား ကောင်းမွန်စွာ စောင့် ရှောက်ထားပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရင်း လွတ်မြောက်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မင်းအောင်လှိုင် စစ်တပ်မှ CDM ပြုလုပ်လိုသူများအနေဖြင့် လက်နက်နှင့်တကွ ဆက်သွယ်ပူးပေါင်း CDM ဝင်မည်ဆိုပါက ဆုငွေ သိန်း (၅၀) တိတိ ချီးမြင့်ပြီး ဘဝ တစ်လျှောက်လုံး လုံခြုံစွာ ရှင်သန်နေထိုင်နိုင်ရေးကိုပါ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွိုင်ကော် PDFက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article