ရန်ကုန်၊ မေ ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၏ အထင်ကရနေရာတခုဖြစ်သော ထန်းဇလုပ်ရေတံခွန်တွင် မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ လူငယ်များဦးဆောင်၍ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ပြောစကား တခုဖြစ်သော ‘တိုင်းပြည်အပေါ် စစ်အာဏာရှင်တွေရဲ့ ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး’ စာတန်းကို ချိတ်ဆွဲကာ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြကြသည်။