25 C
Yangon

ကျိုက်ထိုတွင် စစ်ကောင်စီ၏ ရိက္ခာပို့စစ်ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ၂ ကြိမ် မိုင်းခွဲပစ်ခတ်တိုက်ခိုက်၊ စစ်ကား ၁ စီးထိမှန်

Must read

ရန်ကုန်၊ မေ ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အဝေးပြေးကားလမ်းပေါ်တွင် ရန်ကုန်မှ မော်လမြိုင်ဘက်သို့ သွားနေသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာပို့စစ်ယာဉ်တန်းကို KNLA တပ်မဟာ ၁ ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့်လည်းကောင်း မိုင်းခွဲ၍လည်းကောင်း ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကား ၁၃ စီးပါသော အဆိုပါ စစ်ယာဉ်တန်းကို KNLA တပ်မဟာ ၁၊ တပ်ရင်း ၃ ပူးပေါင်းအဖွဲ့က ၄၀ မမဖြင့် ပစ်ခတ်ရာ စစ်ကား ၁ စီး ထိမှန်ကြောင်း၊ ၁၀ နာရီ ၂၅ မနစ်တွင် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ ပူးပေါင်းအဖွဲ့က အဆိုပါယာဉ်တန်းကိုပင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ထိခိုက်သေဆုံးမှု စုံစမ်းနေဆဲဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့သည် အိမ်စီးကားများဖြင့် လာရေက်ပြီး ၄၀ မမ လက်နက်ကြီးဖြင့် လူနေအိမ်များအတွင်းသို့ ၃ ကြိမ် ရမ်းသန်းပစ်ခတ်သွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၁ စီး (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article