25 C
Yangon

အင်းတော်ရဲစခန်းမှ လက်နက်များ၊ ကျည်ဆန်ထောင်ချီ အပါအဝင် ခဲယမ်းပစ္စည်းများ သယ်ဆောင် CDM ဝင်သည့် ရဲ ၃ ဦးကို ၎င်းတို့စိတ်ချမ်းသာ ရွေးချယ်သည့် ဆန္ဒအတိုင်း ဆောင်ရွက်ပေးမည်

Must read

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ အင်းတော်ရဲစခန်းလက်နက်များ၊ ကျည်ဆန်ထောင်ချီ အပါ အဝင် ခဲယမ်းပစ္စည်းများ သယ်ဆောင် CDM ရဲ ၃ ဦးကို ၎င်းတို့စိတ်ချမ်းသာ ရွေးချယ်သည့် ဆန္ဒနည်းလမ်းများအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဧပြီလ ၃၀ ရက်နေ့တွင် ကောလင်းမြို့နယ် သို့ အင်းတော်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးက လက်နက်အပြည့်အစုံဖြင့် CDMဝင်ရောက်လာရာ ကောလင်းမြို့နယ် တပ်ရင်း(၁) ၊ မြို့နယ် ပကဖ၊ ပလဖ ၊ပအဖ တို့က ကြိုဆိုကြကြောင်း၊ အဆိုပါရဲ ၃ ဦးက ပြည်ပ ထွက်ခွာလိုပါက ပြည်ပသို့ ပို့ဆောင်မည်ဖြစ်ပြီး၊ လွတ်မြောက်နယ်မြေတွင် နေလိုပါက ဆက်လက် နေထိုင်စေမည်ဖြစ်ကြောင်း PDF သတင်းရင်းမြစ်က ပြောသည်။ “အခုတော့ လုံခြုံဘေးကင်းတဲ့လွတ်မြောက်နယ်မြေတစ်နေရာမှာ အရင်ထားထားပါတယ်။ အဲဒီကနေ သူတို့ဆန္ဒအတိုင်း ကျနော်တို့ ဆက်စီစဉ်ပေးမှာပါ။ PDF အဖြစ်နဲ့ ပြန်တိုက်ချင်ရင်လည်း တိုက်ပါ။ နိုင်ငံခြားသွားမယ်ဆိုလည်း ချိတ်ဆက်ပေးသွား။ သာမာန်အရပ်သားလိုပဲ နေတော့မယ်ဆိုလည်း ရတယ်။ သူတို့ဆန္ဒအတိုင်းပဲ လုပ်ပေးပါမှာဖြစ်ပါတယ်။ သူတို့ဖြစ်ချင်တာကို ဖြည့်ဆည်းပေးသွားမယ်”ဟု သိရှိရသည်။ CDM ရဲ ၃ ဦးသည် အင်းတော်အခြေစိုက် ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး Uzi သေနတ် ၁ လက်၊ G3 ၂ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ 7.62 ကျည် ၁၂၆၂ တောင့်၊ ၉ မမ ကျည် ၁၈၁ တောင့်နှင့် ရဲအသုံးအဆောင်ပစ္စည်းအချို့နှင့် CDM ဝင်လာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article