25 C
Yangon

ရေစကြိုရှိ ကျေးရွာ ၅ရွာကို စစ်တပ်က ဆက်တိုက် မီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မေ ၁၀

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ဘုန်းတော်ပြည့်၊ ဘိုကုန်း၊ မဲကုန်း၊ ဖြုံဘူးနှင့် မိဖုရား ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်သည် ဘုန်းတော်ပြည့်၊ ဘိုကုန်း၊ မဲကုန်း၊ဖြုံဘူးနှင့် မိဖုရား ကျေးရွာများကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။လက်ရှိချိန်တွင် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှုများနှင့် ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ကလည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပြည်သူများ ကြိုတင် တိမ်းရှောင်ကြရန် သတိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article