By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ခလရ ၅ တပ်ရင်းမှူး နဲ့ ညောင်ပင်သာ ရဲစခန်း ပူးပေါင်းပြီး တရားမဝင် သစ် မှောင်ခို သယ်ယူမှု၊ ထုတ်လုပ်မှုတွေကို ခွင့်ပြုပေးနေပြီး ၊ ခလရ ၅ တပ်ရင်းမှူးဆီကို သစ်မှောင်ခိုကား တွေ ဖြတ်သန်းခွင့် တစ်လ သိန်း ၃၀ ပေးရတယ်လို့ သိရပါတယ်။
-မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက် ဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်ကို မဖြစ်မနေ ကျင်းပဖို့ ကျေးရွာ ၁၃ ရွာကို မန္တလေးတိုင်း စစ်ကောင်စီက ဖိအားပေးနေပြီး ၊ ကျေးရွာတစ်ရွာကို ငွေ ကျပ် ၅ သိန်းကနေ ၇ သိန်းအထိ ပေးမယ်ဆိုပြီး ၊ မက်လုံးပေးလာတယ်လို့ ဒေသခံတွေက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
– ကလေးမြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ ပျူစောထီးတွေက ရှားဖိုရွာက လူနေအိမ် ၁၀၆ လုံးနဲ့ စပါးကျီ ၁၁ လုံး ကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။