25 C
Yangon

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက် စစ်တပ် သွေးစွန်းငွေ ဖြတ်တောက်ရေး အတွက် အမေရိကန်အစိုးရအနေဖြင့် MOGE ကိုပိတ်ဆို့အရေးယူရေး တောင်းဆိုဆန္ဒပြ

Must read

ရန်ကုန်၊ မေ ၁၀

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ မေလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် သွေးစွန်းငွေ ဖြတ်တောက်ရေး အတွက် အမေရိကန်အစိုးရအနေဖြင့် MOGE ကိုပိတ်ဆို့အရေးယူရေး တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြ သူများသည် အမေရိကန် အစိုးရအား “ဘိုင်ဒန် – သင်အရေးယူတာ နောက်ကျလေ၊ တို့တတွေ ပိုခံစားရလေပဲ ရေနံငွေတွေကို ပိတ်ဆို့အရေးယူပါ”၊ “လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ငွေကြေးထောက်တိုင် ရေနံငွေတွေကို ဖြတ်တောက်ခြင်းဖြင့် အသက်တွေကို ကယ်တင်ပါ”၊ “သမ္မတဘိုင်ဒန် – မြန်မာပြည်က ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်စေဖို့ MOGE ကို ချက်ခြင်း ပိတ်ဆို့အရေးယူပါ”၊ “ယူအက်စ်အေ၊ ယူအက်စ်အေ – MOGE ကို ပိတ်ဆို့အရေးယူပါ”၊ “သမ္မတဘိုင်ဒန်၊ MOGEကို ပိတ်ဆို့အရေးယူမှုပါ”၊ “ငါတို့ အသက်တွေ ဆက်ပြီး ရှင်သန်ရမယ်ဆိုရင် ဓါတ်ငွေနဲ့ လျှပ်စစ်မီး မရှိတာ ငါတို့ ဂရုမစိုက်”၊ “သတ်ဖြတ်မှုတွေသာ ရပ်သွားမယ်ဆိုရင် ဓါတ်ငွေ့မရှိလည်း ဖြစ်တယ် အလုပ်မရှိလည်း ရတယ်” စသည့် အချက်များ တောင်းဆိုခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article