ရန်ကုန်၊ မေ ၁၀
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မေလ ၁၀ ရက်နေ့တွင် “မတရားမှု အောက်နေသားမကျစေနဲ့_စစ်ဖိနပ်အောက်ကရုန်းထွက်ကြ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။