ရန်ကုန်၊ မေ ၁၀
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ မေလ ၁၀ ရက် မွန်းလွဲပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄ ဦး ဒဏ်ရာရကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က သတင်းထုတ်ပြန်သည်။တိုက်ပွဲသည် မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ဖြစ်ပွားခဲ့ပြီး ကရင်နီတပ်ပေါင်းစုဘက်မှ ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရကြောင်း သိရှိရသည်။”စစ်ခွေးတွေက ဒေါငံခါးမှာ ရှိတုန်းပဲ၊ အဲဒါကျနော်တို့ဘက်က ဒေါငံခါးကို တက်ရင်းနဲ့ တိုက်ပွဲဖြစ်တာပေါ့။ ကျနော်တို့ဘက်က နှစ်ယောက်မှာ တယောက်က မိုင်းထိပြီး ခြေထောက်နှစ်ဖက်လုံး ထိတာပေါ့နော်၊ ဒဏ်ရာပြင်းထန်တယ်ဗျ၊ ဒီးမော့ဆို PDF ကလည်း နှစ်ဦး ဒဏ်ရာရတယ်” ဟု KRU တပ်ပေါင်းစုမှ တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ဒေါငံခါး၊ ဆိုဘောသဲ၊ ကုန်းသာ၊ သေးဆူလဲကျေးရွာများတွင် ဆက်လက်တပ်စွဲထားကြောင်း သိရှိရသည်။ယနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU၊ KNDF၊ ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။