25 C
Yangon

ကနီတွင် စစ်တပ် တပ်စခန်း ဝင်ရောက် စီးနင်းခံရ၊ ထီးချိုင့်တွင်လည်း စစ်တပ် ယာဉ်တန်း မိုင်းဆွဲခံရ၊ ထားဝယ်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက် ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၁ ပါး ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း ကနီမြို့နယ် အလယ်ကျွန်း ကျေးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ တပ်စွဲထားသော စခန်းကို ယနေ့ မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စခန်းအိမ် တိုက်ပွဲ ဆင်နွှဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် မသိရသေးကြောင်း DRPA တပ်ဖွဲ့ထံမှ သိရသည်။အဆိုပါ စခန်းကို အာဏာရှင် တော်လှန်ရေး ပြည်သူ့ တပ်မတော် (DRPA)၊ KPDF 1၊ KGL PDF၊ နှလုံးလှ လူမိုက်ကြီးများ (မြင့်ခြံ)၊ KGF၊ M&K the boys၊ KCRF၊ Chindwin Dragon၊ ကနီမြို့နယ် အဖွဲ့၊ အနီမြို့နယ် ပကဖနှင့် တပ်ပေါင်းစု မဟာမိတ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ပစ်ကူများဖြင့်ပါ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယင်း အလယ်ကျွန်းကျေးရွာသည် အိမ်ခြေ ၃ဝခန့်ရှိသော ပျူစောထီး ရွာဖြစ်ကာ အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးချိန်၌ အနီးအနားဝန်းကျင်ရှိ ကျေးရွာနေ ပြည်သူများကို ဒုက္ခပေးနေသည့် အတွက် စစ်တပ်နှင့် မပူးပေါင်းရန် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက သတိပေးထားသော ကျေးရွာတစ်ရွာဖြစ်ကြောင်း DRPA ကထုတ်ပြန်ထားသည်။ အလားတူ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့မှ တက်လာသော စစ်တပ် ယာဉ်တန်းကို KIA တပ်ဖွဲ့နှင့် Tiger Army တို့ပူးပေါင်းကာ ယနေ့ မေလ ၁ဝ ရက်နေ့ နံနက် ၅ နာရီခန့်တွင် နဘားနှင့် ပင်ဝယ်ကျေးရွာကြားတွင် မိုင်းပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် မသိရသေးကြောင်း Tiger Army တပ်ဖွဲ့ထံမှ သိရသည်။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မေတ္တာမြို့ ကျောက်မဲတောင်ရွာရှိ သဲအင်းဂူဘုန်းကြီးကျောင်းကို ယနေ့ မေလ ၁ဝ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ဘုန်းကြီး ကျောင်းဝန်းထဲ ကျရောက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ သံဃာတော် ၁ ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်ခဲ့သော ပြည်သူ ၁ ဦးသည် သွေးထွက် လွန်ကာ ဆုံးပါးသွားပြီး ဒဏ်ရာရရှိခဲ့သော သံဃာတော် ၁ ပါးကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Photo – ထီးချိုင့်မြို့မှ တက်လာသည့် စစ်တပ်ယာဉ်တန်းကို KIAတပ်ဖွဲ့နှင့် Tiger Army တပ်ဖွဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့သော ပဒေသာမိုင်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article