ရန်ကုန်၊ မေ ၁၁
စစ်ကိုင်းတိုင်း ချင်းတွင်မြစ်ရိုးတစ်လျှောက်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ဆောင်ရွာက်နေစဉ် မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ ထွက်ခွာလာသော ကုန်တင် အမြန်ရေယာဉ် ၄ စင်းပေါ်တွင် အကြမ်းဖက် စစ်တပ် စက်သုံးဆီ တင်ဆောင်လာသောကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မေလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကုန်တင် အမြန်ရေယာဉ် ၄ စီးသည် အကြမ်းဖက် စစ်တပ်အတွက် စက်သုံးဆီ ဓာတ်ဆီပေပါ ၃ လုံးနှင့် ဒီဇယ် ပေပါ ၄ လုံးကို တင်ဆောင်လာခဲ့သောကြောင့် နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF)၊ Yoma Fighter (Yinmarbin PDF)၊ Kani People Defense Force (KLG)၊ Spring Gurellia Platoon (နွေဦးပျောက်ကြားတပ်စု)၊ ဒေါင်းလုလင် (LPDF)၊ ဗိုလ်မီးတောက် မဟာမိတ် တပ်ပေါင်းစုတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်အတွက် စက်သုံးဆီများကို တင်ဆောင်လာသည့် ကုန်တင် အမြန်ယာဉ် ၄ စီးမှ တာဝန်ရှိသူများကို စစ်တပ်နှင့် မပတ်သက်ရန်နှင့် နောက်နောင်တွင် ထိုကဲ့သို့ ပစ္စည်းများ တင်ဆောင်ခြင်းမပြုလုပ်ရန် ခံဝန်ကတိ ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။