ရန်ကုန်၊ မေ ၁၁
‘မြေပေါ်မြေအောက် အတူချီတက်၊ ဘုံရန်သူကို အမြစ်ဖြတ်’ ဘန်နာကိုင်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်သည် ယနေ့ မေလ ၁၁ ရက်နေ့တွင် ၄၂၇ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက်ဆန္ဒပြကြသည်။