25 C
Yangon

Dark Shadow တစ်ဖွဲ့လုံး သေလည်းမသေ၊ အဖမ်းလည်းမခံရဘဲ စစ်ကောင်စီလက်မှ လွတ်မြောက်ပြီး Cobra စစ်ကြောင်းတွင် တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်နေပြီ

Must read

ရန်ကုန်၊ မေ ၁၁

ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ရသည်ဟု သတင်းထွက်ပေါ်သော Dark Shadow တစ်ဖွဲ့လုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးရန် ကြိုးစားခဲ့ရာတွင် တစ်ဖွဲ့လုံး သေလည်းမသေ၊ အဖမ်းလည်းမခံရဘဲ စစ်ကောင်စီလက်မှ လွတ်မြောက်ပြီး Cobra စစ်ကြောင်းတွင် တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်နေပြီဖြစ်ကြောင်း Dark Shadow ခေါင်းဆောင် ကိုချမ်းငြိမ်းသူက ပြော ဆိုသည်။ ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်ဌာနသို့ ပြောဆိုသည်။ “ကျနော်တို့ စစ်သားတွေ ဝင်လာတာတွေ့တယ်။ အဲဒီမှာ ကျနော်တို့က မသင်္ကာလို့ ဖောက်ခွဲရေး ပစ္စည်းတွေကို ရွှေ့နေတုန်း သူတို့ဝင်လာတာတွေ့တော့ ပစ္စည်းတွေ အကုန်ချပြီး ထွက်ပြေးတယ်။ သူတို့က အားလုံးကို သေနတ်နဲ့ လိုက်ပစ်တယ်။ မြောင်းတွေထဲဆင်းပြေး၊ အိမ်သာကျင်းတွေထဲအထိ ဝင်ပုန်းရတယ်။ ကိုယ့်နားက ကျည်တွေ ထွက်သွားတာ ဝီကနဲ ဝီကနဲပဲ။ အဲဒါ ကျနော်တို့ တစ်ဖွဲ့လုံး လွတ်ပါတယ်။ မဆိုင်တဲ့သူတွေတချို့ အဖမ်းခံရတယ်။ အခုကျနော်တို့ အားလုံး လွတ်မြောက်နယ်မြေရောက်ပါပြီ။ Cobra စစ်ကြောင်းမှာပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်ပြီး တော်လှန်တိုက်ခိုက်သွားမှာပါ။ ကျနော်တို့ သေပြီး အဖမ်းခံရပြီဆိုပြီး ဝမ်းနည်းနေတဲ့ ပြည်သူတွေကို အသိပေးချင်တာပါ” ဟု ကိုချမ်းငြိမ်းသူက ပြောဆိုသည်။ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် သွေးအလိမ်းလိမ်းဖြင့် မျက်နှာဖူးရောင်နေသော လူငယ်တစ်ဦးကို စစ်တပ် ခေါ်ဆောင်လာပြီး အလတ်ချောင်းရပ်ကွက်အတွင်း ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ လူငယ် ၁ ဦးမှာ ထွက်ပြေးသဖြင့် စစ်သားများက လိုက်လံဖမ်းဆီးပြီး လဲကျသွားချိန်တွင် ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။ “ဖမ်းတာတော့ မဆိုင်တဲ့သူကို ဖမ်းတာ။ သေတာလည်း မရှိဘူး။ သူတို့ လိုက်ပစ်တဲ့အချိန်မှာ ကျနော်တို့ ပြေးကြတာပဲ။ သေလည်း မသေပါဘူး” ဟု ကိုချမ်းငြိမ်းသူက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article