By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၂ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်ခေါင်းဆောင် စိုးဝင်းအမိန့်အရ တစ်နိုင်ငံလုံး တက္ကသိုလ်၊ ကောလိပ်တွေမှာရှိတဲ့ အမှိုက်တွေကို စီမံချက်နဲ့ ရှင်းလင်းနေရတယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုပါတယ်။
– ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ Dark Shadow တစ်ဖွဲ့လုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးရန် ကြိုးစားပေမယ့်လည်း တစ်ဖွဲ့လုံး သေလည်းမသေ၊ အဖမ်းလည်းမခံရကြောင်း Dark Shadow ခေါင်းဆောင် ကိုချမ်းငြိမ်းသူကပြောပါတယ်။
– စစ်ကိုင်းတိုင်းမြောင်မြို့နယ်ကနေ မကွေးတိုင်း ရေစကြိုမြို့နယ်စစ်ကြောဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်တပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ စစ်သား ၁၄ ဦး သေဆုံးခဲ့တယ်လို့ MGN 35 ပျောက်ကြားတပ်ဖွဲ့ဆီကသိရပါတယ်။
– ပဲခူးတိုင်း၊ မင်းလှနဲ့ အုတ်ဖိုမြို့နယ်တို့မှာ ရဲ ၁ ဦး၊ ပျူစောထီး ၆ ဦးနဲ့ ရာအိမ်မှူး ၁ ဦးတို့ကို ပစ်ခတ်ရာ သေဆုံးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။