27 C
Yangon

ကရင်နီပြည်နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကား ၅ စီးထက်မနည်း ပျက်စီးပြီး သေဆုံးမှုများနိုင်

Must read

ရန်ကုန်၊ မေ ၁၂

ကရင်နီပြည်နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KNDF တပ်ရင်း ၁၆ နှင့် ကရင်နီတပ်မတော်KA တို့ပူးပေါင်း၍ ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်မှုများလုပ်ဆောင်နေပြီး စစ်ကား ၅ စီးထက်မနည်းပျက်စီးကာ စစ်သား သေဆုံးမှုများပြားနိုင်ကြောင်း KNDFက တရားဝင် သတင်းထုတ်ပြန်သည်။

မေလ ၇ ရက်နေ့တွင် KNDF B- 16 နှင့် KA တို့ပူးပေါင်းပြီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်ကား ၃ စီးပျက်စီးသွားပြီး သေဆုံးမှုမျာရှိကြောင်း၊ ပျက်စီးသွားသော စစ်ကား ၃ စီးကို ကရင်နီ ပူးပေါင်းတပ်များက မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

အလားတူ မေလ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီယာဉ်တန်းကို KNDF B- 16 နှင့် KA တို့ပူးပေါင်းပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article