ရန်ကုန်၊ မေ ၁၂
ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် ညောင်တန်းအကျော်ရှိ NLD ရုံးကို ယနေ့ညနေ ၄ နာရီဝန်းကျင် ဗုံးပစ်သွားသဖြင့် ယင်းဗုံးကို စစ်တပ်က လာရောက် ရှင်းလင်းစဉ် ပေါက်ကွဲသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ပျုစောထီးတွေ ဗုံးလာပစ်တာလို့ ပြောတယ်။ ပုဇွန်တောင် NLD ရုံးအဟောင်းကိုပစ်တာ။ ဗုံးက မပေါက်တော့ တွေ့တဲ့သူတွေက အကြောင်းကြားတယ်။ စစ်တပ်နဲ့ရဲရောက်လာပြီး လမ်းပိတ်နေတုန်း ဗုံးပေါက်ကွဲတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုတွင် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း၊ လက်ရှိတွင် စစ်တပ်က လမ်းပိတ်ထားမှုကို ပြန်လည် ဖွင့်လှစ်ပေးထားပြီဖြစ်ကြောင်း သိရှိရသည်။