27 C
Yangon

လားရှိုး-မူဆယ်ကားလမ်းတွင် အရပ်သားအိမ်စီးကားများဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေသော စစ်တပ်ကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံး၊ PDF ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ မေ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ်ကားလမ်းတွင် အရပ်သားအိမ်စီးကားများဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေသော စစ်တပ်ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးပြီး PDF တပ်ဘက်မှ ၂ ဦး ကျဆုံးကြောင်း People Security And defense Army – Muse က သတင်းထုတ်ပြန်သည်။

မေလ ၄ ရက်နေ့ ၊ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် လားရှိုး-မူဆယ် ပြည်ထောင်စုကား လမ်းမကြီးပေါ်တွင် ခမရ ၂၄၁ နှင့် ခမရ ၄၂၀ တပ်ဖွဲ့က အရပ်သားကား ၅ စီးဖြင့် မူဆယ်သို့ ပြန်လာစဉ် မော်တောင်းရွာနှင့် တာလုံရွာကြား နမ့်ဖာတန်းလမ်း ခွဲအနီးအရောက် မူဆယ် PSDA ပြည်သူ့လုံခြုံရေးနှင့် ကာကွယ် ရေးတပ် ဖွဲ့ ၁၁၁ တပ်ရင်းနှင့် ၂၂၂ တပ်ရင်းပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ရာ စစ် သား ၂၀ ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်ဘက်က သေဆုံးသူ ၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိပါတယ်။ တပ်က ခမရ ၂၄၁ နဲ့ ခမရ ၂၄၀ ပါ။ ကျနော်တို့ဘက်က ရဲဘော် ၂ ဦး ကျပါတယ်။ ဒဏ် ရာရရှိသူ ၃ ဦးရှိပါတယ်။ ” ဟု PSDA ရဲဘော်တစ်ဦးက အတည်ပြု ပြော ဆိုသည်။

ဓာတ်ပုံ- မူဆယ် PSDA တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွား စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးနှင့် စီးနင်းလာသော ကားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article