27 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၃ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-နွေဦးတော်လှန်ရေး (Spring Revolution) ကို အတိုကောက် နာမည်ပေးထားတဲ့ SR-1 မောင်းပြန် သေနတ်တွေကို ပြည်သူ့စစ်သားတွေရဲ့ ထုတ်လုပ်မှုအဖွဲ့ People Soldiers’ Production Team က မြို့ သိမ်းတိုက်ပွဲတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေး တပ်ဖွဲ့ တွေကိုအဓိက ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Justice For Myanmar က စုံစမ်းဖော်ထုတ်ထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ အာဆီယံအနေနဲ့ အကြမ်း ဖက်စစ်တပ်နဲ့ ကာကွယ်ရေး၊ စစ်ရေးပူးပေါင်း ဆောင်ရွက်နေမှုတွေဟာ စစ်တပ်ရဲ့ ရက်စက် ကြမ်း ကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတာ ဖြစ်တယ်လို့ သုံးသပ် ရေးသား ထားပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လားဟူ ဒီမိုက ရက်တစ် အစည်းအရုံး LDU က တက်ရောက်မှာ မဟုတ်ဘဲ ဆွေးနွေးပွဲကို တက်ရောက် မယ်လို့ ကြေညာတဲ့ အတွင်းရေးမှူး ကျာဆော်-လမွန် နဲ့ အလုပ်အမှုဆောင်တချို့ကို အရေးယူမှာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာလိုက် ပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်-ကုန်း ကျေးရွာအနီးမှာ မြိတ် နဲ့ ထားဝယ် ဘက်ကနေ ထွက်ခွာ လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းတွေ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article