ရန်ကုန်၊ မေ ၁၃
ရန်ကုန်တွင် စစ်တပ် လုံခြုံရေး တင်းကျပ်ထားသော လှည်းတန်း လူကူးတံတားတွင် ရန်ကုန်လူထုသပိတ်မှ “ငရဲခွေးကြီးကိုစီရင်မည်” စာသားနှင့်အတူ စစ်ယူနီဖောင်းဝတ် စာခြောက်ရုပ်အား ချိတ်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ လှုပ်ရှားမှု အား စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကျပ်နေချိန်၊ စစ်ကောင်စီ လက်ပါးစေ ယာဉ်ထိန်းရဲများ တံတားအောက်တွင် ရှိသောအချိန်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။”ငရဲခွေးကြီးကိုစီရင်မည်” စာသားသည် နွေဦးတော်လှန်ရေးအစကာလတွင် တာမွေကျောက်မြောင်းရှိ ရပ်ကွက်သား တော်လှန်လူငယ်များမှ ကိုင်ဆောင်ချီတက်ကြွေးကြော်ခဲ့သော စာသားပင်လည်းဖြစ်ပေသည်။