By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်ရဲ့ ဩစတြေးလျသံအမတ်ဦးသာအောင်ညွန့်ကို မေလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် သြစတြေးလျ-အာဆီယံထိပ်သီးစီးပွားရေးဖိုရမ်တက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်လည်း ကန့်ကွက်မှုတွေ ရှိတာကြောင့် ဖိုရမ်တက် ရောက်ခွင့်မပြုတော့ဘဲဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။
– စစ်တပ်ရှေ့တန်းစခန်းက အရာရှိတစ်ဦးနဲ့တခြားအဆင့်တစ်ဦး လက်နက်အများအပြားနဲ့ CDM ဝင်လာပြီး ပြည်သူ့ပန်းတိုင်အဖွဲ့က ကျပ်သိန်း ၃၀ ချီးမြှင့်မယ်လို့ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနကပါ ဆုထပ်မံချီးမြှင့်မယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ကဆိုပါတယ်။
– ရန်ကုန်တိုင်းကမာရွတ်မြို့နယ် အင်းလျားလမ်းနဲ့ပြည်လမ်းထောင့်က ယာဉ်ထိန်းရဲကင်းမှာကင်းစောင့်နေတဲ့ စစ်သား ၂ ဦးကို လူငယ် ၂ ဦးက မနေ့ကည၇ နာရီကျော်ဝန်းကျင်မှာ ပစ်သတ်သွားတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မြို့ပေါ်ရွာကို အကြမ်းဖက်စစ်တပ်က မေလ ၁၁ ရက်နေ့မှာ ဝင်ရောက် စီးနင်း ခဲ့ပြီး ကျေးရွာနေပြည်သူ ကိုဇော်ဝင်းဆန်းကို စစ်တပ်က ပစ်ခတ်သတ်ခဲ့တဲ့သတင်း အပါအဝင်နောက်ဆုံးရ သတင်း တွေကိုတင်ဆက်ပေးပါမယ်။