31 C
Yangon

ရေစကြို၊ကျေးရွာ ၄ ရွာမှ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်ကို PDF ၁၈ ဖွဲ့က ပူးပေါင်း တိုက်ခိုက်မှု စစ်သား ၂၂ ဦးသေ

Must read

ရန်ကုန်၊ မေ ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့PDF ၁၈ ဖွဲ့က ပူးပေါင်း တိုက်ခိုက်ရာ စစ် သား ၂၂ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ် ပြန်သည်။ ရေစကြိုမြို့နယ်ရှိ ရွာပေါင်းကျေးရွာ၊ ဆယ်ရွာကျေး ရွာ၊ ဘိစပ်ကုန်းကျေးရွာများကို စစ်တပ်က မေလ ၁၂ ရက်နေ့တွင် ဝင်ရောက်ကာ ပြည်သူများနေအိမ်ကို မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း၊ ဘိစပ်ကုန်းရွာမှ အပြန် ညနေ ၃ နာရီခွဲခန့်တွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ဦးသေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM က သတင်းထုတ်ပြန်သည်။စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ခြေ ထောက်ကျည်ထိမှန်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ စစ်တပ်သည် လှေကုတ်ရွာသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းနောက် မေလ ၁၃ ရက်နေ့တွင် စစ်တပ်က လှေကုတ်ရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ မီး ငြှိမ်းသတ်ရန် လာသည့် PDF တစ်ဦး ကျည်ထိမှန် ကျဆုံးကြောင်း သိရှိရသည်။အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ၊ ပြည်သူ့တပ်မတော် (မြောင်) – MUA၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁)၊ (၂) ၊ တပ်ခွဲ (၃)၊ Burmese Guerrilla Force – BGF၊ MGN RANGER မြင်းခြံခရိုင် တပ်ရင်း (၂)၊ MGN TIGER တပ်ရင်း (၂)၊ MGN 21 Guerrilla Force (MTGR) မြင်းခြံခရိုင် တပ်ရင်း(၂)၊ GGG ၊ ဒေါင်းစစ်သည် မြောင်ပြောက် ကျားတပ်ဖွဲ့၊ မြောင်တောင်သူလယ်သမားအဖွဲ့၊ Shwe – Ao Revolution Force၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ – CRF (Myinmu)၊ Black Eagle Defense Force _ MMU၊ MG6 ပြောက်ကျားတပ်၊ MGN 35 ပြောက်ကျားတပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ဖီးနစ်ပြောက် ကျားတပ်ဖွဲ့၊ ရေလည်ကျွန်းတပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article