28.5 C
Yangon

လိပ်သိုမြို့နယ်ခွဲတွင် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ မိုင်းလွန် (အလယ်)ရွာအနီးတွင် ယမန်နေ့ မေလ ၁၃ ရက် နံနက်ပိုင်း လိပ်သိုအခြေစိုက် ခမရ ၆၀၃ တပ်ဖွဲ့နှင့် KNLA ပူးပေါင်းအဖွဲ့များ အကြား တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။”မေလ ၁၃ ရက်နေ့ မနက် ၆ နာရီခွဲမှာ တောလမ်းကနော မိုင်းလွန်အလယ်ရွာဘက် ဆင်းသွားကြတာ ပူးပေါင်းတပ်နဲ့ လမ်းမှာ ထိတွေ့ပစ်ခတ်မှုစတင်တယ်။ ၈ နာရီလောက်ကနည်းနည်းငြိမ်သွားတယ်၊ ၁၀ နာရီဝန်းကျင်မှာ မိုင်းလွန်အလယ်ရွာနဲ့ မိုင်းလွန်အောက်ရွာအကြား တောလမ်းပေါက်နေရာမှာ နောက်တကြိမ် ပြန်ပစ်ကြပါတယ်၊ အဲ့မှာ စစ်သား ၄ ဦး ဒဏ်ရာရတယ်။ နေ့လယ် ၁ နာရီမှ ငြိမ်သွားတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ညနေ ၄ နာရီခန့်တွင် အဆိုပါ ဒဏ်ရာရ စစ်သားများကို စစ်ကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။လိပ်သိုလ်မြို့နယ်ခွဲ မိုင်းလွန်အောက်ရွာအနီးရှိ စစ်ကောင်စီ ရှေ့တန်းစခန်း ကို KNLA တပ်ရင်း ၅နှင့် PDF ပူးပေါင်းတပ်ဖွဲ့က မေလ ၁၁ ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ မေလ ၁၂ ရက် ည ၉ နာရီ ၄၅တွင် တောင်ငူ-လိပ်သို ကားလမ်းရှိ အလယ်ချောင်းကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းမှ မိုင်းလွန် အလယ်ရွာနှင့် အောက်ရွာများသို့ လက်နက်ကြီးဖြင့် ၇ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ရာဒေသများသို့ စစ်ကောင်စီက စစ်ကား ၃ စီးဖြင့် အင်အားဖြည့်တင်းထားကြောင်း သိရှိရသည်။”၁၂ ရက်နေ့ ညက စစ်ကောင်စီ ပစ်တဲ့ လက်နက်ကြီးထိပြီးတော့ အိမ် ၁ လုံး ပျက်စီးတယ်။ လူထိခိုက်မှု ရှိ၊ မရှိ မသိသေးဘူး။ အနီးဝန်းကျင်က ရွာသားတွေကိုလည်း ပေါ်တာဆွဲတယ်၊ ပစ္စည်းတွေ သယ်ခိုင်းတယ်၊ ဖိနပ်မပါဘူး။ အခု အသက် ၅၇ နှစ် ၁ ယောက်၊ ၂၀ နှစ် ၁ ယောက်၊ ၃၀ နှစ် ၁ ယောက် ထွက်ပြေးလို့ လွတ်လာတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။အဆိုပါ KNU တပ်မဟာ ၂ နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီက တောင် ငူ-လိပ်သိုလမ်းမအပါအဝင် တောလမ်းများတွင်ပါ ကင်းပုန်းများချကာအစစ်အဆေးများတင်းကြပ်နေသလို KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ရေးတင်းမာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article